Connect with us

Hi, what are you looking for?

News

ကုလအထူးကိုယ်စားလှယ်အသစ်ခန့်အပ်ခြင်းကို ကြိုဆိုကြောင်း NUGသဝဏ်လွှာပေးပို့

သဝဏ်လွှာမှာ အထူးကိုယ်စားလှယ်အသစ်နဲ့ အတူပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အတူပူးပေါင်းအဖြေရှာကြဖို့ အချက်တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ်ခန့်အပ်ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြိုဆိုကြောင်းသဝဏ် လွှာပေးပို့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင် ရာအထူးကိုယ်စားလှယ်အဖြစ် စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလန်းဟေးဇာကို ခန့်အပ်ကြောင်း ကြေညာခဲ့ပြီး အဲဒီခန့်အပ်မှုကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာပေးပို့တာလို့ ဆိုပါတယ်။

သဝဏ်လွှာမှာ အထူးကိုယ်စားလှယ်အသစ်နဲ့ အတူပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အတူပူးပေါင်းအဖြေရှာကြဖို့ အချက်တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အထူးကိုယ်စားလှယ်ဟောင်း ဆွစ်ဇာလန်သံတမန် ခရစ်တင်းရှယန်နာဘာဂျီနာဟာ သုံးနှစ် ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာစစ်တပ်က တရားမဝင်အာဏာ သိမ်းအပြီးမှာ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် မရရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ခရစ်တင်းရှယန်နာဘာဂျီနာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှာ ၎င်းရဲ့ အထူးကိုယ်စားလှယ်တာဝန်နဲ့ အထွေထွေညီလာခံကို နောက်ဆုံးတင်သွင်းတဲ့အစီရင်ခံစာမှာ ကာကွယ်ရေးဦးစီးချုပ်(မင်းအောင်လှိုင်) နဲ့ တပ်မတော်လက်အောက်မှာ မြန်မာနိုင်ငံအတွက် တည်ငြိမ်ပြီး အလားအလာကောင်း ရှိလာမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မင်းအောင်လှိုင်အနေနဲ့ သူ့တိုင်းပြည်အနာဂတ်ကို အမှန်တကယ်အလေးထားတယ်ဆိုရင် သူ့အနေနဲ့ ရာထူးကဆင်းပေးပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ အရပ် သားအစိုးရထံ အာဏာလွှဲ ပေးဖို့ ခရစ်တင်းရှယန်နာဘာဂျီနာက တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook