Connect with us

Hi, what are you looking for?

News

ကုလအထူးကိုယ်စားလှယ်အသစ်ခန့်အပ်ခြင်းကို ကြိုဆိုကြောင်း NUGသဝဏ်လွှာပေးပို့

သဝဏ်လွှာမှာ အထူးကိုယ်စားလှယ်အသစ်နဲ့ အတူပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အတူပူးပေါင်းအဖြေရှာကြဖို့ အချက်တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ်ခန့်အပ်ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ကြိုဆိုကြောင်းသဝဏ် လွှာပေးပို့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်မှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင် ရာအထူးကိုယ်စားလှယ်အဖြစ် စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလန်းဟေးဇာကို ခန့်အပ်ကြောင်း ကြေညာခဲ့ပြီး အဲဒီခန့်အပ်မှုကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က သဝဏ်လွှာပေးပို့တာလို့ ဆိုပါတယ်။

သဝဏ်လွှာမှာ အထူးကိုယ်စားလှယ်အသစ်နဲ့ အတူပူးပေါင်းဆောင်ရွက်ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အတူပူးပေါင်းအဖြေရှာကြဖို့ အချက်တွေပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အထူးကိုယ်စားလှယ်ဟောင်း ဆွစ်ဇာလန်သံတမန် ခရစ်တင်းရှယန်နာဘာဂျီနာဟာ သုံးနှစ် ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာစစ်တပ်က တရားမဝင်အာဏာ သိမ်းအပြီးမှာ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့် မရရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ခရစ်တင်းရှယန်နာဘာဂျီနာဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်မှာ ၎င်းရဲ့ အထူးကိုယ်စားလှယ်တာဝန်နဲ့ အထွေထွေညီလာခံကို နောက်ဆုံးတင်သွင်းတဲ့အစီရင်ခံစာမှာ ကာကွယ်ရေးဦးစီးချုပ်(မင်းအောင်လှိုင်) နဲ့ တပ်မတော်လက်အောက်မှာ မြန်မာနိုင်ငံအတွက် တည်ငြိမ်ပြီး အလားအလာကောင်း ရှိလာမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မင်းအောင်လှိုင်အနေနဲ့ သူ့တိုင်းပြည်အနာဂတ်ကို အမှန်တကယ်အလေးထားတယ်ဆိုရင် သူ့အနေနဲ့ ရာထူးကဆင်းပေးပြီး မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ အရပ် သားအစိုးရထံ အာဏာလွှဲ ပေးဖို့ ခရစ်တင်းရှယန်နာဘာဂျီနာက တိုက်တွန်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။