Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက လုံခြုံရေးအကြောင်းပြ၍ ရန်ကုန်မြို့မှ ကျူးကျော်တဲများကို အင်အားသုံးဖယ်ရှားနေ

အလားတူ သန်လျင်မြို့နယ် ဒဂုံ-သီလဝါလမ်း လမ်းဘေးရှိ ကျူးကျော် တဲများ(အရပ်အခေါ် ငါးခြောက် တန်း)ကိုလည်း အာဏာသိမ်းစစ်ကောင်စီ ကဖယ်ရှားခဲ့သည်။

လုံခြုံရေးနှင့် ငြိမ်းဝပ်ပိပြားရေးကိုထိခိုက်သည်ဟုဆိုကာ ရန်ကုန်မြို့ရှိ ကျူးကျော်တဲအများစုကို အကြမ်းဖက်စစ်ကောင်စီ၏ အမိန့်ဖြင့် ယနေ့ (အောက်တိုဘာ ၂၈ ရက်)တွင် အင်အားသုံး၍ထယ်ရှားနေသည်။

ထိုသို့ဖယ်ရှားရန်အတွက် ရန်ကုန်တိုင်းအစိုးရရုံး၌ အောက်တိုဘာ ၁၄ရက်က အစည်းအဝေးပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၅ရက်တွင် ကျူးများကိုဖယ်ရှားရန် အမိန့် ညွှန်ကြားစာထုတ်ခဲ့သည်။

ယနေ့ နံနက်မှစ၍ လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ် လမ်းမကြီးဘေး ဘယ်ညာရှိ ကျူးကျော်နေအိမ်များအား ဖြိုဖျက်နေပြီး ဘူဒိုဇာကားများ၊ အထိကရုဏ်းနိုင်နင်းရေးကားများ၊ အချုပ်ကား၊ စစ်ကားများနှင့် ရဲကား၊ စည်ပင်ကားများလည်းအမြောက်အများပါဝင်သည်။ကျူးကျော်တဲများတွငွနေထိုင်သူအများစုမှာ မြို့ထဲတွင် အိမ်ငှားနေထိုင်ရန် မတက်နိုင်သဖြင့်ဖြစ်သလို တဲထိုးနေထိုင်ကြခြင်းဖြစ်သည်။

အလားတူ သန်လျင်မြို့နယ် ဒဂုံ-သီလဝါလမ်း လမ်းဘေးရှိ ကျူးကျော် တဲများ(အရပ်အခေါ် ငါးခြောက် တန်း)ကိုလည်း အာဏာသိမ်းစစ်ကောင်စီ ကဖယ်ရှားခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျူးကျော်တဲများကြောင့် ပြည်သူများစိတ်အနှောက်အယှက်ဖြစ်ရပြီး ၊ကျန်းမားရေး နှင့်လုံခြုံရေးကို ထိခိုက်စေပြီး ငြိမ်ဝပ်ပိပြားရေးကိုထိခိုက်စေသည်ဟု အာဏာသိမ်းစစ်ကောင်စီက အကြောင်းပြသည်။

“ဒုက္ခတွေလည်း မျိုးစုံ ပါပဲ။ဘယ်နေရာ သွားနေလို့ နေရမှန်းမသိ။မနေ့တနေ့က မှ လာပြောတယ်။ဒီနေ့ လာဖျက်ကြတယ်။ဘယ်နား ထပ်သွားနေရမှာလဲ လမ်းဘေး အိပ်ရမှာလား”ဟု လှိုင်သာယာမှ ကျူးကျော်တဲဖျက်ဆီးခံခဲ့ရသူ တစ်ဦးက ပြောသည်။

အရပ်သားအစိုးရ လက်ထက်တွင်မူ ရန်ကုန်ရှိ ကျူး ပြဿနာကို ဖြေရှင်းရန်လစဥ် ငွေကျပ် သောင်းဂဏန်း ဝန်းကျင်ပေးသွင်းရသည့် တန်ဖိုးနည်းလုံးချင်းအိမ်စီမံကိန်းကို အကောင်အထည်ဖော်ပြီး ရာနှင့်ချီသောမိသားစုများကို နေရာချပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်