Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတိုင်းတွင် စစ်​ကောင်စီ၏ အ​ထူးစစ်ဆင်​ရေးကို ခုခံတိုက်ခိုက်ရန် အဆင့်သင့်ရှိ​ကြောင်း​ ဒေသတွင်းPDF များ​ပြော

“စစ်ပြင်တယ်ဆိုတဲ့ အပိုင်းမှာ ကျွန်တော်တို့ပြည်သူ့တပ်ဖွဲ့တွေအနေနဲ့ ထွေထူးပြီး ပြင်ဆင်စရာ လက်နက် ကြီးလို ၊ကတုတ်ကျင်းလို မရှိတဲ့အတွက် ခဲယမ်းများများစုဆောင်းတာကို လုပ်နေတယ်”ဟု ၎င်းဆက်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းအတွင်း “အလောင်းမင်းတရား”ဆိုသည့်စစ်ဆင်ရေးအတွက် ခုခံစစ်ကို ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

“ဒီရက်ပိုင်းမှာသူတို့ရဲ့ စစ်ဆင်ရေးအရ ထိုးစစ် တော် တော် များများဆင်လာတာတွေ့ရတယ်။ကျွန်တော်တို့ အနေအထားကလည်း ဟိုအရင်ကတည်းက သူတို့ ဒီလိုတွေလုပ်နိုင်ပါတယ်လို့ တွေးပြီး ပြင်ဆင်ထားတာ။ထိပ်တိုက်တွေ့လာရင်တော့ ဆော်မယ်။ဗျူဟာ အရလည်း ပြင်ဆင်ထားပြီးပါပြီ”ဟု ပြည်သူ့တော်လှန်ရေးတပ်မ တော်၏ဦးဆောင်သူ ဗိုလ်ဂျပန် က ပြောသည်။

ထို့အတူ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သော ပြောက် ကျားစစ်ဗျူဟာကိုသာ ဆက်လက်အသုံးပြု၍ “အလောင်းမင်းတရား စစ်ဆင်ရေး”ကို ဦးချိုးမည်ဟု အရာတော်မြို့နယ် တော် လှန်ရေး အင်အားစုမှ ဗိုလ်ပေါက်စီက လည်း​ပြောသည်။

“စစ်ပြင်တယ်ဆိုတဲ့ အပိုင်းမှာ ကျွန်တော်တို့ပြည်သူ့တပ်ဖွဲ့တွေအနေနဲ့ ထွေထူးပြီး ပြင်ဆင်စရာ လက်နက် ကြီးလို ၊ကတုတ်ကျင်းလို မရှိတဲ့အတွက် ခဲယမ်းများများစုဆောင်းတာကို လုပ်နေတယ်”ဟု ၎င်းဆက်က ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍ “ကျွန်တော်တို့က အချိန်နဲ့အမျှ ရန်သူ့ အင်အား ကိုယ့်အင်အားကို ချိန်ညှိတယ်။တိုက်ရမလား ဆုတ်ခွာစစ်လုပ်ရမလား။ အမြဲတမ်း Alert ဖြစ်အောင်နေ နေတယ်”မင်းကင်း PDF ဦးဆောင်သူ ဗိုလ်သံလုံးကလည်း​ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့တပ်ဖွဲ့များဘက်မှလည်း စစ်ကောင်စီ၏စစ်ဆင်ရေးကို တော်လှန်ရန် ပြင်ဆင်ထားသကဲ့သို့ ပြည်သူလူထုဘက်မှလည်း မှန်ကန်သည့် သတင်းအချက်အလက် များ ဖြင့် ထောက်ပံပေးကြရန် ၎င်းတို့က​တိုက်တွန်းသည်။

အလားတူ တိုက်ပွဲများ ဆက်လက်အရှိန်မြင့်လာမည်ဆိုပါက လိုအပ်သော လက်နက်ခဲယမ်းများအတွက် ကူညီပေးကြရန်လည်း ​မေတ္တာရပ်ခံသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆင်ရေးအတွင်း အပြစ်မဲ့ပြည်သူများ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း
နှင့် ရွာလုံးကျွတ်မီးရှို့ခံရမှုများဖြစ်ပေါ်လာနိုင်ခြင်းရှိသည်ဟုလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များက စိုးရိမ်​နေသည်။

“မဆိုင်တဲ့ပြည်သူတွေကို ဘာမှမလုပ်ပါနဲ့။ကျွန် တော်တို့ ဆီသာ လာခဲ့ပါ။ တက်နိုင်တဲ့ နည်းနဲ့ အစွမ်းကုန်ခုခံကာကွယ်မယ်”မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အလောင်းမင်းတရား”ဆိုသည့် စစ်ဆင်ရေးဆင်နွှဲရန် စတင်နေပြီဟု စစ်ကောင်စီ၏ သတင်းများကို ပုံမှန်တင်ပြဝါဒဖြန့်​နေသည် သလ္လာရွှေမြေ Facebook Page က အောက်တိုဘာ ၂၈ ရက်က အသိပေးပြီးနောက် ပြည်သူများက “အလောင်းစီသူ” စစ်ဆင်ရေး၊ “အလောင်းစည်သူ” စစ်ဆင်းရေး စသည်ဖြင့် လှောင်ပြောင်​ခေါ်ဆို​နေကြသည်။ သို့​သော် ​မြေပြင်အ​ခေုအ​နေတွင်စစ်ကိုင်းတိုင်၌ အကြမ်းဖက်စစ်​ကောင်စီကို ခုခံ​တော်လှန်မှု ပြင်းထန်ပြီး စစ်​ကောင်စီတပ်အထိ့နာ​နေသဖြင့် ​အောက်တိုဘာလဆန်းကတည်းက စစ်အင်အားအများအပြားတိုးချဲ့​နေခြင်းဖြစ်သည်။သို့​သော် ​ဒေသခံ PDF များနှင့်ရင်ဆိုင်ရာတွင် စစ်​ကောင်စီတပ်ပင်အထိ့နာ​နေပြီး​နောက် စစ်​ကောင်စီတပ်က ပြည်သူများကိုဖမ်းဆီးသတ်နှိပ်စက်ဖြတ်ခြင်း၊ပြည်သူပိုင်ပစ္စည်းများလုယက်၊ဖျက်ဆီးခြင်းများကို ပိုလုပ်​နေသည်။

စစ်ကိုင်းတိုင်းတွင်ဒေသခံပြည်သူ့တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကြောင့် စစ်ကောင်စီတပ်များ စစ်ကိုင်းတိုင်းအတွင်း မိုင်းခွဲတိုက်ခိုက်ခံရခြင်း နှင့် ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ၊ထိ့ခိုက်ဒဏ်ရာရသူအများအပြားရှိ​နေသည်။

အောက်တိုဘာ ၂၇ နှင့် ၂၈ ရက် နှစ်ရက်အတွင်းပင် စစ်ကိုင်း၊ကောလင်းဒေသ၌ စစ်ကောင်စီတပ် မှ ဗိုလ်မှူး တစ်ဦးအပါအဝင် တပ်သား ၆၀ ကျော်သေဆုံးကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။

(စစ်ကိုင်းတိုင်းရှိ PDFရဲ​​ဘော်များ ​လေ့ကျင့်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook