Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့မှ နေအိမ်၁၂၀ကျော်နှင့် ခရစ်ယာန်ဘုရား ရှိခိုးကျောင်းနှစ်ကျောင်း မီးလောင်ပြာကျ၊ ဆက်လက်လောင်ကျွမ်းနေဆဲ

“မီးမငြိမ်းရင် တစ်မြို့လုံးကို လောင်တော့မှာ။ အခုထိ မီးက အားကောင်းနေတယ်”ဟု ဒေသခံတစ်ဦးကလည်း ည ၇နာရီတွင် ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ခဲ့သလို လက်နက်ကြီးဖြင့်ပစ်ခဲ့သောကြောင့် ထန်တလန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျောက် လူနေအိမ်များမီးလောင်နေကျွမ်းနေရာ ည ၈ နာရီခွဲအထိ အိမ်ခြေ ၁၂၀ကျော်နှင့် ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်းဒေသခံများက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ထားပြီးငြှိမ်းသတ်သူမရှိခြင်း ၊စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ဆက်လက်ပစ်ခတ်နေသဖြင့် ထန်တလန်မြို့ရှိ နေအိမ်များမှာ ညပိုင်းအထိ ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်းချင်းအမျိုးသားတပ်ဦး(CNF) ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“မီးမငြိမ်းရင် တစ်မြို့လုံးကို လောင်တော့မှာ။ အခုထိ မီးက အားကောင်းနေတယ်”ဟု ဒေသခံတစ်ဦးကလည်း ည ၇နာရီတွင် ပြောသည်။

ထန်တလန်မြို့၏ အထင်ကရခရစ်ယာန်ဘုရားရှိခိုးကျောင်းဖြစ်သည့် Thantlang Baptist Churchကို အကြမ်းဖက်စစ်တပ်က မီးလောင်ဗုံးဖြင့် နှစ်ချက် ပစ်ခတ်ခဲ့ပြီး လူနေအိမ်များကိုလည်း မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောသည်။

Public Service Announcement

Public Service Announcement

“ ငြှိမ်းမယ့်သူမရှိတော့ ဆက်လက်ပြီးတော့ လောင်နေတယ်လို့ ကြားသိရပါတယ်။ အဲဒါကိုအသေးစိတ်လေ့လာတဲ့အခါမှာ စစ်ကောင်စီက ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ရင် မြို့ပေါ်မှာ ဖြစ်စေ ဘယ်နေရာမှာ ဖြစ်စေ တိုက်ပွဲဖြစ်ရင် အဓိက ပစ်မှတ်က ဘုရားကျောင်းကန်ကို လက်နက်ကြီးနဲ့ ချိန်ထားပြီး ဘုရားကျောင်းတွေကို အဓိက ဦးတည်တယ်လို့ စစ်ကောင်စီကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်ကောင်စီစစ်သားများထံက သတင်းရရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယနေ့မီးလောင်မှုမှာ ထန်တလန်၌ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က မြို့၏ နေရာသုံးနေရာထက်မနည်းတွင် မီးရှို့နေခြင်းဖြစ်သည်ဟုလည်း ဆလိုင်းထက်နီကပြောသည်။

စစ်ဘေးရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CDF(ထန်တလန်)ကအောက်တိုဘာ ၂၉ ရက်မနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်။ထိုပစ်ခတ်မူကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး နောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ၊ မီးလောင်ဗုံးများဖြင့် လူနေရပ်ကွက်အတွင်းကို နေလယ် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ဆက်လက်ပြီးတော့ လောင်မယ်လို့တော့ ယူဆပါတယ်။ဘာလို့လည်းဆိုတော့ မြို့ပေါ်က အိမ်တွေက သိတဲ့အတိုင်း ကပ်လျက်တွေဆိုတော့ အဲဒါလုံး၀ ဖြစ်နိုင်ချေရှိတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်မြို့တွင် စက်တင်ဘာလလယ်ပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ကြောင့် မြို့ပေါ်မှနေအိမ် ၂၀ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဘာသာရေးသင်းအုပ်ဆရာတော်တစ်ပါးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထိုဖြစ်စဉ်အပြီးတွင် ထန်တလန်မြို့နေပြည်သူအများစု မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ထိုကြောင့်ယခုအခါ ထန်တလန်မြို့ပေါ်တွင် အကြမ်း ဖက်စစ်ကောင်စီတပ်များက တပ်စွဲထားပြီး ပြည်သူများအိမ်များကို ဖောက်ထွင်းခိုးယူနေခြင်းဖြစ်သည်။ CDF ကလည်း စစ်ကောင်စီတပ်က ဒေသခံပြည်သူလူထု၏ နေအိမ်များကို ဖောက်ထွင်းခိုးယူပါက တွေ့သည့်နေရာပစ်သတ်မည်ဖြစ်ကြောင်း သတိပေးထားသည်။

ထန်တလန်မြို့တွင် အိမ်ခြေ ၁၂၀၀ ခန့်ရှိသည်။

ဓာတ်ပုံ – ထန်တလန် CDF

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်‌တချို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်တွေအထိ ရေဝင်တာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေ အလုံးလိုက် စျေးဖြတ်ပြီးရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ လေပြင်းတိုက်ခိုက်လို့ နေအိမ် ၃၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။