Connect with us

Hi, what are you looking for?

News

မြန်မာအား အီးယူ၏ကုန်သွယ်မှုအခွင့်အ​ရေး(EBA/GSP) ပြန်ရုတ်သိမ်း​ပေးရန် ဥ​ရောပနှင့်ကမ္ဘာ့အလုပ် သမားအဖွဲ့ချုပ်တို့ ​တောင်းဆို

မြန်မာအလုပ်သမားအဖွဲ့ချုပ်များကလည်း လက်ရှိအချိန်သည် ဒီမိုကရေစီနည်းမကျသော အာဏာရှင်စနစ်ကို ဆန့်ကျင်သောအားဖြင့် စီးပွားရေးပိတ်ဆို့များဆောင် ရွက်ရန်လည်း တောင်းဆိုထားသည်ဟု ၎င်းတို့ကဆိုသည်။

မြန်မာနိုင်ငံအား ဥရောပသမဂ္ဂက ပေးအပ်ထားသည့် ကုန်သွယ်မှုအခွင့်အရေး(EBA/GSP)ကို ပြန်လည်ရုတ်သိမ်းပေးရန် ဥရောပနှင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်တို့ နှစ်ခုက တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်အလုပ်သမားများသည် အကြမ်းဖက်ခံခြင်း၊ ညှင်းပန်းနှိမ်စက်ခံရခြင်းနှင့် ဖမ်းဆီးရန် ခြိမ်းခြောက်ခံနေရခြင်းစသည့် အခြေအနေများ ကြံနေရသည်ဟု ဥရောပအလုပ်သမားများအဖွဲ့ချုပ် (industriAll Europe Union)နှင့် ကမ္ဘာလုံးဆိုင်ရာအလုပ်သများအဖွဲ့ချုပ် ( IndustriALL Global Union)တို့က ဆိုသည်။

မြန်မာအလုပ်သမားအဖွဲ့ချုပ်များကလည်း လက်ရှိအချိန်သည် ဒီမိုကရေစီနည်းမကျသော အာဏာရှင်စနစ်ကို ဆန့်ကျင်သောအားဖြင့် စီးပွားရေးပိတ်ဆို့များဆောင် ရွက်ရန်လည်း တောင်းဆိုထားသည်ဟု ၎င်းတို့ကဆိုသည်။

ထိုအတွက် အထက်ပါအလုပ်သမားအဖွဲ့ချုပ် နှစ်ခုက ဥရောပကော်မရှင်၊ ဥရောပပါလီမန့်နှင့် ဥရောပကောင်စီတို့ကို ဆက်သွယ်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို ပေးအပ်ထားသည့် ကုန်သွယ်မှုအထူးအခွင့်ရေးကို ပြန်လည်ရုတ်သိမ်းပေးရန် အောက်တိုဘာ ၂၆ ရက်တွင်တောင်းဆိုခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံမှာဖြစ်နေတာတွေ အလွန်ပဲရိုးရှင်းပါတယ် စစ်တပ်က နိုင်ငံသားရဲ့ အခြေခံလူအခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်၊ မြန်မာပြည်မှာအမှန်တရားမထွန်းကားသေးသ၍ ကုန်သွယ်မှုအထူးအခွင့်ရေးကို ရုတ်သိမ်းပေးထားရမယ်၊ ဒါတွေက မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက်ပါပဲ”ဟု IndustriAll Europe၏ ဒုတိယအထွေထွေ အတွင်းရေး မှူးချုပ် Judith Kirton Darling ကပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့စစ်ခေါင်းဆောင်များသည် အလုပ်သမားနှင့် စက်မှုဇုန်များကို ပစ်မှတ်ထားပြီ အကြမ်းဖက်တိုက်ခိုက်မူများ အမြောက်အမြားဆောင်ရွက်ခဲ့သည်ဟုလည်း ဆိုသည်။ အာဏာသိမ်းမှုကိုဆန့်ကျင့်သည့် အလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို ဖမ်းဆီးခြင်း၊ နှိမ့်စက်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အများစုမှာ ပုန်းအောင်းနေရသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထု၏အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သောကြောင့် အလုပ်သမားသုံးသိန်းအလုပ်ထုတ်ခံရသည်ဟု အဆိုပါအလုပ်သမားအဖွဲ့ချုပ်နှစ်ခုက ဆိုသည်။

ဥရောပ၏ ကုန်သွယ်မှုအထူးအခွင့်အရေးဆိုသည်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလုပ်အကိုင်ဖန်တီးနိုင်ရေး၊ အလုပ်သမားအခွင့်အရေးနှင့် အလုပ်အကိုင်ဝန်းကျင်ကောင်းပေါ်ပေါက်လာစေရန်အတွက်ဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေမှုကို ဥရောပသမဂ္ဂက တားမြစ်ရန် တာဝန်ရှိ သည်ဟု ဆိုသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာပြည်က အစုအလိုက်လူသတ်ပွဲများကို ရပ်တန့်ရေး လုပ်ဆောင်ရန်လိုအပ်နေသည်ဟု IndustriALL Global Union, လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် Kemal Ozkanက ပြောသည်။

ကုန်သွယ်မှုအထူးအခွင့်ရေး(EBA/GSP) ဆိုသည်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇)နိုင်ငံကို မြန်မာနိုင်ငံမှ မည်သည့်ကုန်ပစ္စည်းမဆို အခွန်ကင်းလွတ်ခွင့်ဖြင့်တင်ပို့ခွင့်ရခြင်းဖြစ်သည်။

ထိုအခွင့်အရေးကို မြန်မာနိုင်ငံအား ၂၀၁၃ခုနှစ်တွင် ဥရောပသမဂ္ဂကပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုအခွင့်အရေးအရ မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများကို ၂၀၂၀-၂၁ဘဏ္ဍာနှစ် အထည်ချုပ် အမေရိကန်ဒေါ်လာ ၃ ဒသမ၂ ဘီလီယံဖိုးတင်ပို့နိုင်ခဲ့သည်။

(ပိတ်သိမ်းသွားသည့် ဒဂုံဆိပ်ကမ်းမြို့ရှိ အိတ်ချုပ်စက်ရုံမှ အလုပ်သမားများကို ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...