ချင်းပြည်နယ် ၊ထန်တလန် မြို့နယ် မှာ စစ်ကောင်စီလက်ချက်ကြောင့် နေအိမ် ၁၆၀ ကျော် မီးလောင်ပြာကျ ရာမှာ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဇာတလျန်းရဲ့နေအိမ်ပါသွားတယ်လို့သိရပါတယ်။
ဒေါ်ဇာတလျန်းဟာ ၂၀၁၀ ရွေးကောက်ပွဲ မှာ ရွေးချယ်ခံရတဲ့ ချင်းအမျိုးသားပါတီရဲ့ ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။
နေအိမ်ပျက်စီးသွားတာကို ဒေါ်ဇာတလျန်းက ဖေ့ဘွတ်ခ်မှာခုလိုရေးထားပါတယ်။
“အားပေးသော သူငယ်ချင်းများ အားလုံးကိုကျေးဇူးတင်ပါတယ်။ မိသားစုအားလုံးဘေးရန်ကင်းကြပါတယ် ၊ဒါပေမယ့် နှစ်ပေါင်းများစွာ ချွေးနဲ့ဆောက်ထားသောအိမ်နှစ်လုံးတော့ပြာပုံဖြစ်သွားပါပြီ” လို့ ရေးထားတာပါ။

Public Service Announcement
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမနေ့က ထန်တလန်မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာကနေ နေအိမ်အချို့ မီးလောင်ပြီး မီးအကြီးအကျယ် ဆက်လက်လောင်ကျွမ်းခဲ့တာပါ။
စစ်ကောင်စီရဲ့ပြောခွင့်ရ သူက ဒီလိုမီးလောင်တာဟာ PDF လက်ချက်လို့ စွပ်စွဲထားပါတယ်။


















































