Connect with us

Hi, what are you looking for?

News

မုံရွာမြို့မှ ကမ္ဘောဇဘဏ်ခွဲ ဗုံးခွဲသတိပေးခံရ

အောက်တိုဘာ ၂၇ ရက်ကလည်း မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲများနှင့် ATMစက်များ နေရာ ၈နေရာထက်မနည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယမန်နေ့က ကမ္ဘောဇဘဏ်ကို အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက သတိပေး ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း
အဆိုပါအဖွဲ့က အသိပေးသည်။

ယမန်နေ့(အောက်တိုဘာလ ၃ဝရက်) နံနက် ၁၁နာရီက မုံရွာမြို့ ပေ(၈၀)လမ်းနှင့် ကျောက္ကာလမ်းဆုံရှိ ကမ္ဘောဇဘဏ်ခွဲအား ဖောက်ခွဲသတိပေးခဲ့ကြောင်း၊ ကမ္ဘောဇဘဏ်သည် ပြည်သူလူထု၏ ယုံကြည်မှုကိုအလွဲသုံးစားလုပ်၍ ပြည်သူများ၏ ဘဏ်အကောင့်များနှင့်Kpay အကောင့်များအသုံးပြုမှုပိတ်ပင်ခြင်း၊ အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီသို့ ပေးခြင်း စသည့် ပြည်သူလူထုနှင့်ဆန့်ကျင်သောလုပ်ရပ်များ ပြုလုပ်ထားသည့်အတွက် သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၊အဆိုပါလုပ်ရပ်များကို ရပ်တန်းကမရပ်ပါက ကမ္ဘောဇဘဏ် တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ အသက်အန္တရာယ် ၎င်းတို့၏ပိုင်ဆိုင်မှုများ၏လုံခြုံရေးကို အာမမခံနိုင်ကြောင်း သတိပေးထားသည်။

အောက်တိုဘာ ၂၇ ရက်ကလည်း မန္တလေးမြို့ရှိ ကမ္ဘောဇဘဏ်ခွဲများနှင့် ATMစက်များ နေရာ ၈နေရာထက်မနည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ပျူစောထီးတွေကြီးစိုးတဲ့မန္တလေးမြို့၊ပြည်ကြီး‌‌တံခွန်မြို့နယ်က ကမ္ဘောဇဘဏ် နေ့ခင်းကြောင် တောင်ဓားပြတိုက်ခံပြီး ကျပ်သိန်းနှစ်ထောင် ကျော်ပါသွားတယ်လို့မြို့ခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။