Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းဆက်တိုက်ပွဲတွင်စစ်ကောင်စီတပ်သား ၁၅ဦးခန့်သေ၊ တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးကျဆုံးခဲ့

ပြည်သူ့တပ်ဖွဲ့များ အနက် မှ Burmese Guerrilla Force-BGF ခေါင်းဆောင်
စနိုက်ဘာ ရဲဘော်ဟိန်းသီဟအောင်လည်း ကျဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပေါက်ချောင်းကျေးရွာနှင့် မြစ်ဆုံကျေးရွာတို့တွင် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၅ ဦး
ခန့်သေဆုံးကြောင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်သည်။

“အင်းဆက် တိုက်ပွဲ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အမည်မှည့်ခဲ့သော အောက်တိုဘာ ၃၀ ရက်တိုက်ပွဲကိုနှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊ Burmese Guerrilla Force-BGF ၊ CDSOM ၊ Myaung WOMEN Warriors-M2W၊ Taloke PDF နှင့် MGN Ranger တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

ပြည်သူ့တပ်ဖွဲ့များ အနက် မှ Burmese Guerrilla Force-BGF ခေါင်းဆောင်
စနိုက်ဘာ ရဲဘော်ဟိန်းသီဟအောင်လည်း ကျဆုံးခဲ့သည်။

နွေဦးတော်လှန်ရေးမှယခုလက်နက်ကိုင်‌တော်‌လှန်ရေးအထိ စစ်အာဏာရှင်စနစ်ဆိုး မုတ်ချကျဆုံးရမည်ဆိုသော ယုံကြည်ချက်အပြည့်ဖြင့်တိုက်ပွဲဝင်ခဲ့သော KPDFအဖွဲ့ဝင် Burmese Guerrilla Force-BGF ခေါင်းဆောင်ရဲဘော်ဟိန်းသီဟအောင် သည် အောက်တိုဘာ ၃၀ ရက်တွင် ရှေ့ တန်း၌ ကျဆုံးခဲ့သဖြင့်အထူးပင်ဝမ်းနည်းကြေကွဲရသည်ဟု နှလုံးလှလူမိုက်ကြီးများအဖွဲ့က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ရဲဘော်ဟိန်းသီဟအောင်သည်တိုက်ပွဲတွင်စနိုက်ဘာဖြင့် လေးချက်ပစ်ခဲ့၍ စစ်ကောင်စီ တပ်သားလေးဦး သေဆုံးခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်လာခဲ့ချိန်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စနိုက်ဘာသမား၏ကျည်ဆံထိမှန်ခံခဲ့ရ၍ တိုက်ပွဲအတွင်းမှကယ်တင်နိုင်ခဲ့သော်လည်း ဆေးဝါးမပြည့်စုံခြင်းနှင့် ဆရာဝန် လိုအပ်ချက်များကြောင့် အာဇာနည်ဘွဲ့ခံယူခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရဲဘော်ဟိန်းသီဟအောင် (ခ) ရဲဘော်အင်းဆက်သည် မြင်းခြံတက္ကသိုလ် ဇိဝဗေဒ ၊ဒုတိယနှစ် ကျောင်းသားတစ်ဦးဖြစ်ပြီးကရင်နီပြည်တွင် စစ်သင်တန်းလာတက်ပြီးKarenni People Defense Force – KPDF ရဲဘော်အဖြစ် မေလမှ အောက်တိုဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဒေါငံခါးတိုက်ပွဲတွင်ပါဝင် တိုက်ခိုက်ခဲ့သည်။

ထိုမှတဆင့် Burmese Guerrilla Force – BGF အဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်နေရာမှစစ်အာဏာရှင်တော်လှန်ရေး ရှေ့တန်းစစ်မြေပြင် အသက်စွန့်ကာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းနှင့် ဆက်စပ်၍ ကျောက်းသားသမဂ္ဂများအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှာ ဂုဏ်ပြုသည့် မှတ်တမ်းလွှာများ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။