Connect with us

Hi, what are you looking for?

News

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဖျားနာနေပေမယ့် ရုံးထုတ်စစ်ဆေး

ဒေါက်တာဇော်မြင့်မောင်ဟာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေချိန် ၂၀၁၉ ခုနှစ်ကစတင်ပြီး သွေးကင်ဆာရောဂါ နဲ့ ထိုင်းနိုင်ငံကိုသွားရောက်ကာ ဆေးကုသမှုခံယူခဲ့ရသူဖြစ်ပါတယ်။

ဖျားနာနေပေမယ့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ဒီနေ့မှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ရှေ့နေတွေဆီကသိရပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁ ရက် ရုံးချိန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးအန္တရာယ်စီမံခန့်မှုဆိုင်ရာပုဒ်မ ၂၅/၃၀(က) တို့နဲ့စွဲဆိုထားတဲ့ အမှုတွေကို စစ်ဆေးခဲ့တာပါ။

“သူက ဒီကနေ့ ရုံးချိန်းမှာ ဖျားနေတာ။ မနေ့ညက နည်းနည်း အဖျားဝင်သွားတယ်ပြောတယ်။ ဒီနေ့စစ်နေရင်းနဲ့ ဖျားလာပြီး ချွေးတွေတအားထွက်လာတာ”လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့ရှေ့နေ တစ်ဦးကပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်နေချိန် ၂၀၁၉ ခုနှစ်ကစတင်ပြီး သွေးကင်ဆာရောဂါ နဲ့ ထိုင်းနိုင်ငံကိုသွားရောက်ကာ ဆေးကုသမှုခံယူခဲ့ရသူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒါအပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးခံရချိန်အတွင်း မန္တလေး ၊ အိုးဘိုထောင်ထဲမှာ ကိုဗစ်ကူးစက်ခံရလို့ မန္တလေးဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့ရပါသေးတယ်။

လက်ရှိမှာတော့ ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံဆူပူအောင်လှုံဆော်မှု ၊ သဘာဝဘေးပုဒ်မ တွေအပြင် အဂတိပုဒ်မတွေနဲ့ပါ စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook