Connect with us

Hi, what are you looking for?

News

ယောဒေသရှိ စစ်ကောင်စီ၏ဌာနဆိုင်ရာများတွင် ရုံးတက်နေသော ဝန်ထမ်းများ နိုဝင်ဘာ၅ရက် နောက်ဆုံးထားထွက်ခွာကြရန် YDFသတိပေး

စစ်ကောင်စီ၏ မြန်မာပြည်တွင်းရေးကို ဆက်လက်ချယ်လှယ် လုပ်ဆောင်နိုင်ရေးကို တစ်ဖက်တစ်လမ်းမှ အားပေးနေသည့်မည်သူ့ကိုမဆို အရေးယူသွားတော့မည်ဟုလည်း အသိပေးသည်။

People's Spring
People's Spring

ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထုနှင့် ဆောမြို့နယ်များရှိ စစ်ကောင်စီထောက်တိုင်ဌာနဆိုင်ရာများတွင် ရုံးတက်နေသော ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီကို အားပေးနေသည့်လုပ်ရပ်များ ရပ်တန့်၍ နိုဝင်ဘာ၅ ရက်နောက်ဆုံးထားပြီး မိမိတို့ အလုပ်လုပ်နေသည့်ရုံးများမှ အမြန်ဆုံးထွက်ခွာကြရန် Yaw Defense Force (YDF)က သတိပေးထုတ်ပြန်သည်။

YDFသည် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးလုပ်ငန်းစဉ်ကို အစဉ်တစိုက်လုပ်ဆောင်သွားမည်ဖြစ်ပြီး CDM ဝန်ထမ်းများကို ကာကွယ်ပေးခြင်းနှင့် Non CDM လုပ်၍ မိမိအကျိုးတခုတည်းကိုသာကြည့်ပြီး CDM ဝန်ထမ်းများကို ဖိအားပေးနေသော အထက်အရာရှိများနှင့် ဝန်ထမ်းများအား အရေးယူဆောင်ရွက်ခြင်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်းYDF က ကြိုတင်သတိပေးသည်။

စစ်ကောင်စီ၏ မြန်မာပြည်တွင်းရေးကို ဆက်လက်ချယ်လှယ် လုပ်ဆောင်နိုင်ရေးကို တစ်ဖက်တစ်လမ်းမှ အားပေးနေသည့်မည်သူ့ကိုမဆို အရေးယူသွားတော့မည်ဟုလည်း အသိပေးသည်။

ထို့ကြောင့် တနိုင်ငံလုံးလွတ်မြောက်ရေးနှင့် မိမိအကျိုးအတွက် စစ်အုပ်စုကို ပံ့ပိုးမည်ဆိုသော ရန်ငါစည်းပြတ်သားစွာ ဆုံးဖြတ်ချက်ခိုင်မာရမည့်အချိန် ဖြစ်သည်ဟုလည်း YDF ကဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိ ပုလဲ၊ကျောဂန့်ဂေါ၊ကလေး၊ပေါက်၊ထီးလင်း၊ကျောက်ထု နှင့် ဆောတို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားစစ်ရေးအခြေအနေများအရ တင်းမာနေဆဲ ဖြစ်သည်။

ထို့ကြောင့် ယောဒေသအတွင်း ခရီးသည်ပို့ဆောင်ရေးကားများ နှင့် ကုန်ကားများ မည့်သည့်ယာဉ်မျိုးမဆို နိုဝင်ဘာ(၄)ရက်နေ့အထိ ဖြတ်သန်းခြင်း သွားလာခြင်းမပြုကြရန် YDFမှအသိပေး ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။