Connect with us

Hi, what are you looking for?

News

မိုးကုတ်တွင် ကျောက်ကမ်းပါးပြိုကျ၊ လူနှစ်ဦးပိတ်မိရာ တစ်ဦးကိုကယ်ထုတ်နိုင်ပြီး ကျန်တစ်ဦးကိုကယ်ထုတ်နေ

“အမျိုးသမီးလူနာကိုတော့ မိုးကုတ်ပြည့်သူ့ဆေးရုံပို့ထားတယ်။ နောက်တစ်ယောက်ကတော့ ကယ်နေတုန်းပဲ”ဟု ဒေသခံကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့

မိုးကုတ်မြို့နယ်တွင် ကျောက်ကမ်းပါးယံ ပြိုကျပြီး နေအိမ်နှစ်လုံးပိမိ၍ လူနှစ်ဦးပိတ်မိခဲ့ရာ တစ်ဦးကို ကယ်ထုတ်နိုင်ပြီး တစ်ဦးကိုကယ်ထုတ်နေဆဲဖြစ်ကြောင်းဒေသခံများက ပြောသည်။

ယနေ့( နိုဝင်ဘာလ ၂ရက် )နံနက် ၇ နာရီဝန်းကျင်က မိုးကုတ်မြို့နယ် ရွှေဂူရပ်ကွက် ရွာသစ်ရပ်တွင် ကျောက်ကမ်းပါးယံသည် နေအိမ်နှစ်လုံးပေါ်သို့ ပြိုကျပြီး အမျိုးသားတစ်ဦးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပိတ်မိခဲ့သည်။ နာရီဝက်အကြာတွင် အမျိုးသမီးအား ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်အမျိုးသားအား ကယ်ဆယ်နေဆဲကြောင်း ဒေသခံ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောသည်။

“အမျိုးသမီးလူနာကိုတော့ မိုးကုတ်ပြည့်သူ့ဆေးရုံပို့ထားတယ်။ နောက်တစ်ယောက်ကတော့ ကယ်နေတုန်းပဲ”ဟု ဒေသခံကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုးကုတ်မြို့တွင် ပြီးခဲ့သည့်မိုးတွင်းကာလကလည်း မြေပြိုကျမှုများဖြစ်ပွားကာ လူနေအိမ်များပိမိ၍ လူသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။