Connect with us

Hi, what are you looking for?

News

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

“လောင်းလုံဘက်က သပိတ်တွေ အားကောင်းနေလို့ဖြိုခွင်းဖို့လုပ်ချင်နေတာ၊ ဒါကြောင့် သပိတ်ခေါင်းဆောင်တွေကို လိုက်မဲနေတာ”ဟု လောင်းလုံဒေသခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး၏နေအိမ်ကို အကြမ်းဖက်စစ် ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ခန့်က လောင်းလုံမြို့နယ် စစ်ပြဲကျေးရွာရှိ သပိတ်ကော်မတီအဖွဲ့ဝင် ကိုဝေယံစိုး၏ နေအိမ်ကို နိုဝင်ဘာ ၂ ရက်နံနက် ၁နာရီခန့်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ မပြုလုပ်မီ နိုဝင်ဘာ ၁ ရက် ည ၈နာရီခန့်ကလည်းကိုဝေယံစိုး၏ နေအိမ်ကို အကြမ်းဖက်စီးနင်းခဲ့ပြီး နေအိမ်ရှိ ပစ္စည်းများကို ဖျက်ဆီးကာ ဆိုင်ကယ်နှစ်စီးကို လည်း ခိုးယူသွားခဲ့သည်။

“လောင်းလုံဘက်က သပိတ်တွေ အားကောင်းနေလို့ဖြိုခွင်းဖို့လုပ်ချင်နေတာ၊ ဒါကြောင့် သပိတ်ခေါင်းဆောင်တွေကို လိုက်မဲနေတာ”ဟု လောင်းလုံဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတူ နိုဝင်ဘာ ၁ ရက် ည၈နာရီတွင်လည်း အကြမ်း ဖက်စစ်ကောင်စီတပ်သားများသည် လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ နေအိမ်ကိုလည်း အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သည်။

ထိုသို့ဝင်ရောက်စီးနင်းပြီးနောက် ကိုမင်းလွင်ဦးကိုမတွေ့သဖြင့် မိခင်ဖြစ်သူ အသက် (၅၆)အရွယ် ဒေါ်ချိုသန်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်