Connect with us

Hi, what are you looking for?

LuduNwayOo

News

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး၏ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

“လောင်းလုံဘက်က သပိတ်တွေ အားကောင်းနေလို့ဖြိုခွင်းဖို့လုပ်ချင်နေတာ၊ ဒါကြောင့် သပိတ်ခေါင်းဆောင်တွေကို လိုက်မဲနေတာ”ဟု လောင်းလုံဒေသခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သပိတ်ကော်မတီဝင်တစ်ဦး၏နေအိမ်ကို အကြမ်းဖက်စစ် ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ယနေ့ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ခန့်က လောင်းလုံမြို့နယ် စစ်ပြဲကျေးရွာရှိ သပိတ်ကော်မတီအဖွဲ့ဝင် ကိုဝေယံစိုး၏ နေအိမ်ကို နိုဝင်ဘာ ၂ ရက်နံနက် ၁နာရီခန့်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ မပြုလုပ်မီ နိုဝင်ဘာ ၁ ရက် ည ၈နာရီခန့်ကလည်းကိုဝေယံစိုး၏ နေအိမ်ကို အကြမ်းဖက်စီးနင်းခဲ့ပြီး နေအိမ်ရှိ ပစ္စည်းများကို ဖျက်ဆီးကာ ဆိုင်ကယ်နှစ်စီးကို လည်း ခိုးယူသွားခဲ့သည်။

“လောင်းလုံဘက်က သပိတ်တွေ အားကောင်းနေလို့ဖြိုခွင်းဖို့လုပ်ချင်နေတာ၊ ဒါကြောင့် သပိတ်ခေါင်းဆောင်တွေကို လိုက်မဲနေတာ”ဟု လောင်းလုံဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတူ နိုဝင်ဘာ ၁ ရက် ည၈နာရီတွင်လည်း အကြမ်း ဖက်စစ်ကောင်စီတပ်သားများသည် လောင်းလုံးမြို့နယ် ပြင်းထိန်ကျေးရွာရှိ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ နေအိမ်ကိုလည်း အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သည်။

ထိုသို့ဝင်ရောက်စီးနင်းပြီးနောက် ကိုမင်းလွင်ဦးကိုမတွေ့သဖြင့် မိခင်ဖြစ်သူ အသက် (၅၆)အရွယ် ဒေါ်ချိုသန်းအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။

သတင်း

ရေမျက်နီရွာအတွင်း စစ်ကောင်စီတပ်အထိုင်ချထားသည့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ၂၀၂၃ ဒီဇင်ဘာအတွင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု ကာကွယ်ခဲ့ရသည်။

သတင်း

နေအိမ်မီးလောင်၍ မီးငြှိမ်းသတ်သည့် ပြည်သူတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ခင်ဦးနယ်အတွင်းရှိ ကျေးရွာ ၁၂ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း သတင်းရရှိသည်။