Connect with us

Hi, what are you looking for?

News

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်၏ ယာဉ်ကိုကိုးကန့်တပ်ဖွဲ့ကတိုက်ခိုက်ဖျက်ဆီး

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် သြဂုတ်လမှစ၍ မုံးကိုး၊ သိန္နီနှင့် ကိုးကန့်ဒေသတို့၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဟန့်တားတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂ရက်တွင် စစ်ကောင်စီတပ်က ဖောင်းဆိုင်ဒေသသို့ ကျူးကျော်လာရာ ကိုးကန့်တပ်သည် ဖောင်းဆိုင်နှင့် မုံးကိုးကြားရှိ ကွမ်ဒါနယ်မြေတွင် စစ်ကောင်စီအား ဟန့်တားတိုက်ခိုက်ပြီး စစ်ကောင်စီယာဉ်ကို အောင်မြင်စွာ ဖျက်ဆီးခဲ့ကြောင်းဖော်ပြထားသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် သြဂုတ်လမှစ၍ မုံးကိုး၊ သိန္နီနှင့် ကိုးကန့်ဒေသတို့၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က အဆက်အပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း MNDAAက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။