Connect with us

Hi, what are you looking for?

News

မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ကိုဗစ်ရောဂါ ကူးစက်နေဆဲပါ

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေတိုင်းမှာ ကိုဗစ်နဲ့အတူယှဥ်တွဲနေထိုင်ကြဖို့ ကြိုးစားကြရင်း ပုံမှန်လူနေမှုဘဝတွေဆီ ပြန်သွားနေကြပါပြီ။

ကိုဗစ်ရောဂါက မြန်မာပြည်မှာရော ကမ္ဘာ့နိုင်ငံတွေမှာပါ ကူးစက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အဲဒီလိုပဲ ရောဂါကူးစက်ခံရလို့ သေဆုံးမှုတွေကလည်း ရှိနေဆဲပါ။

အမေရိကန်နိုင်ငံကတော့ ကမ္ဘာမှာ ကိုဗစ်ကူးစက်ခံရသူအရေအတွက်အမြင့်ဆုံးနိုင်ငံဖြစ်ပြီးတော့ ဒုတိယလိုက်တာကတော့ အိန္ဒိယနိုင်ငံဖြစ်ပါတယ်။

အမေရိကန်မှာ ဒီကနေ့အထိ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၆ သန်းကျော်ရှိပြီးတော့ အိန္ဒိယမှာတော့ ၃၄ သန်းကျော်ရှိပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကူးစက်မှုသိသိသာသာလျှော့နည်းနေပေမယ့် နေ့စဥ်လူနာသစ်တွေ့ရှိမှုက တစ်ထောင်အောက်ရောက်နေပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောကာလတလျောက်ကူးစက်ခံရတဲ့အရေအတွက်ကတော့ အခြားနိုင်ငံတွေကို စစ်ဆေးနိုင်မှုရော မှတ်တမ်းယူနိုင်မှုအခြေအနေရော အားနည်းတာကြောင့် တကယ့်ကိန်းဂဏန်းအမှန်ကိုရနိုင်ဖို့မလွယ်ပေမယ့် စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရကတော့ ဒီကနေ့အထိ ၅ သိန်းကျော်ရှိပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူကလည်း နေ့စဥ် ၂၀ ကနေ ၃၀ ကြားပုံမှန်ရှိနေသေးတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေတိုင်းမှာ ကိုဗစ်နဲ့အတူယှဥ်တွဲနေထိုင်ကြဖို့ ကြိုးစားကြရင်း ပုံမှန်လူနေမှုဘဝတွေဆီ ပြန်သွားနေကြပါပြီ။

အရေးကြီးဆုံးကတော့ ကိုဗစ်ရောဂါဖြစ်ဖူးသူပဲဖြစ်ဖြစ်၊ ကာကွယ်ဆေးထိုးထားသူပဲဖြစ်ဖြစ် အပြင်ထွက်တဲ့အခါတိုင်း Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ လေလုံခန်းတွေတတ်နိုင်ရင် ရှောင်ပါ။

ကာကွယ်ဆေးထိုးဖို့အခွင့်အရေးရခဲ့ရင်းလည်း ထိုးနှံပါ။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။