Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် မိုင်းဖြင့်တိုက်ခိုက်ခံရ၍ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများဟုဆို

သတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်ခြင်းကြောင့် စစ်သင်တန်းတက်လိုသည့် ဒေသခံ အရေအတွက်တိုးလာနေသည်ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားကြောင်း ဒေသခံကပြောသည်။

ထီးချိုင့်နယ်သို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်စီနင်းလျက်ရှိရာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ပူးပေါင်းအဖွဲ့ကလည်း ခုခံတိုက်ခိုက်လျက်ရှိသည်။ အောက်တိုဘာကုန်ပိုင်း၌ ထီးချိုင့်နှင့် ဒိုးပင်ကြားရှိ တံတားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုများရှိသကဲ့သို့ နိုဝင်ဘာ ၁ရက် တိုက်ခိုက်မှုတွင်လည်း သေဆုံးမှုများပြားခဲ့သည်ဟု ဒေသခံက ပြောသည်။

“မနေ့ကရော ဟိုတစ်နေ့ကရော။ မနေ့က ၄၀ ဝန်းကျင်လောက် သူတို့ဘက်ကကျတယ်။ ဟိုတစ်နေ့က ဖြစ်တဲ့ဟာရဲ့ နောက်ဆက်တွဲပေါ့။ ဟိုတစ်နေ့က တံတားမှာ ခွဲလိုက်တော့ နောက်ပြန်တွန့်သွားတာကိုး။ သူတို့ကအဲဒီတံတားကို ပြင်ပြီးမှ ကူးသွားတာ။ ကူးသွားပြီး ထီးချိုင့်နဲ့ ကောလင်းအစပ်က မင်းဝံတောင်ရိုးရှိတာကိုး အဲဒီတောင်ရိုးအတက်မှာ ရှေ့ထွက်မိုင်းနဲ့ဆွဲလိုက်တာလို့ပြောတယ်”ဟု ထီးချိုင့် ဒေသခံက ပြောသည်။

ဒေသတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီး ပြည်သူလူထုအပေါ် အကြမ်းဖက်ခြင်းကြောင့် စစ်သင်တန်းတက်လိုသည့် ဒေသခံ အရေအတွက်တိုးလာနေသည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေက စောစောတုန်းက အေးအေးသူ့ဟာသူနေတာ။ စစ်တပ်က ဝင်လာလိုက် လုပ်သွားလိုက် နဲ့ဆိုတော့ မခံချင်စိတ်နဲ့ ဝင်တာ။ အခု မိန်းကလေးတွေပါ ဖြစ်လာနေပြီ။ ပြည်သူဘက်က တအားကို တက်တက်ကြွကြွပဲ” ဟု ဒေသခံက ပြောသည်။

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်များသည် ကုန်းလမ်းအပြင် ကသာဘက်မှတစ်ဆင့် ရေလမ်းမှ ဝင်ရောက်တပ်ဖြန့်ထားခြင်းကြောင့် ခုခံတိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook