Connect with us

Hi, what are you looking for?

News

ဒေါ်လာသန်း၆၀၀ခန့် ပို့ကုန်ရငွေဝင်ရောက်ရန်ကျန်ရှိသောကုမ္ပဏီများ တစ်လအတွင်း စာရင်းရှင်းရန် စစ်ကောင်စီဖိအားပေး

ပို့ကုန်ငွေ ဝင်ရောက်ရန် အတွက်လည်း ကုန်သည်များနှင့် စက်မှု၊လက်မှုအသင်းချုပ် (UMFCCI)မှ တစ်ဆင့်လည်း ထိုကုမ္ပဏီများကို အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ မြန်မာနိုင်ငံဗဟိုဘဏ်က အသိပေးသည်။

အမေရိကန်ဒေါ်လာသန်း ၅၇၀ ကျော်ရှိ ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ရှိနေသော ကုမ္ပဏီများကို တစ်လအတွင်း စာရင်းရှင်းလင်းရန် အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးသည့် အကြောင်းကြားစာကို နိုဝင်ဘာ ၂ရက်က ထွက်ပေါ်လာသည်။

၂၀၁၉အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိနေသည့် ကုမ္ပဏီများသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ မိမိပို့ကုန်ရငွေ ဝင်ရောက်သည့် ဘဏ်နှင့် စာရင်းရှင်းလင်းရန် စစ်ကောင်စီက ဆို သည်။

ပို့ကုန်ငွေ ဝင်ရောက်ရန် အတွက်လည်း ကုန်သည်များနှင့် စက်မှု၊လက်မှုအသင်းချုပ် (UMFCCI)မှ တစ်ဆင့်လည်း ထိုကုမ္ပဏီများကို အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ မြန်မာနိုင်ငံဗဟိုဘဏ်က အသိပေးသည်။

Public Service Announcement

၂၀၁၉အတွင်း ပို့ကုန်ရငွေ ဝင်ရောက်မလာသေးသည့် ကုမ္ပဏီပေါင်း ၆၆၃ ခုရှိပြီး အမေရိကန်ဒေါ်လာ ၅၇၆ သန်းကျော်ပမာဏရှိသည်။

Public Service Announcement

Public Service Announcement

ပို့ကုန်ရငွေများကို ရက်ပေါင်း ၃၀အတွင်း စာရင်းမရှင်းလင်းပါက ပို့ကုန်သွင်းကုန်ဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ဆက်လက်ဆောင်ရွက်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။