Connect with us

Hi, what are you looking for?

News

မန္တလေးမြို့ ကျောက်ဝိုင်းအနီး ဗုံးထပ်ပေါက်

ဗုံးပေါက်မှုဖြစ်ပွားသည့်နေရာမှာ ၃၈ လမ်း ၈၇လမ်းနှင့် ၈၈လမ်းကြားတွင်ဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် ကျောက်သမားများ ကျောက်ဝိုင်းအတွင်းမှ ပြေးထွက်သွားကြသည်ဟု မျက်မြင်တွေ့သူရှိများက ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းနှင့် ဦးပေစိဘုရားအနီးတွင် ယနေ့(နိုဝင်ဘာ ၅)နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့သည်။

ဗုံးပေါက်မှုဖြစ်ပွားသည့်နေရာမှာ ၃၈ လမ်း ၈၇လမ်းနှင့် ၈၈လမ်းကြားတွင်ဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် ကျောက်သမားများ ကျောက်ဝိုင်းအတွင်းမှ ပြေးထွက်သွားကြသည်ဟု မျက်မြင်တွေ့သူရှိများက ပြောသည်။

အဆိုပါကျောက်ဝိုင်းအနီးတွင် ယမန်နေ့(နိုဝင်ဘာ ၄ ရက်)ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ယနေ့ပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေအသေးစိပ် မသိရသေးသော်လည်း ပေါက်ကွဲမှုဖြစ်ပွားရာ ဦးပေစိဘုရားဝင်းသည် စစ်ကောင်စီတပ်များ တပ်စွဲခဲ့သည့်နေရာတစ်ခုဖြစ်ကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

ယင်းဘုရားဝင်းသို့ ယနေ့နံနက်ပိုင်းကပင် စစ်ကားနှစ်စီးရောက်ရှိလာပြီး ၎င်းတို့လာရောက်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေ လုယက်မှုကျူးလွန်သူတွေဟာ သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဖြစ်နေကြောင်းမြို့ခံတွေကပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်ရှိ ကျောက်ဝိုင်းမှာ ကျောက်မျက်ရောင်းဝယ်ရေးသမားတစ်ဦး ဒီနေ့(သြဂုတ်လ ၁၉ ရက်) မနက်ပိုင်းက ဓားထောက်လုယက်ခံရမှုဖြစ်ပွားခဲ့တယ်လို့ကျောက်သမားအချို့ဆီက သိရပါတယ်။

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။