Connect with us

Hi, what are you looking for?

News

ဟားခါးရှိ စစ်ကောင်စီဂိတ်နှစ်ခုကို ချင်းပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ်နှင့် ရဲ၁၁ဦးသေဟုဆို

ထန်တလန်ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ကို ချင်းတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟုဆိုသည်။

ချင်းပြည်နယ် ဟားခါးမြို့ရှိ စစ်ကောင်စီဂိတ် နှစ်ခုကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ရဲ ၁၁ဦးသေဆုံးခဲ့ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက PSသို့ ပြောသည်။

ယနေ့ (နိုဝင်ဘာ ၆ရက်)နံနက်အစောပိုင်းက ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ် လုံခြုံရေးဂိတ်နှင့် ရဲတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ဂိတ်တစ်ခုကို CNA နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ အဲဒီမှာ စစ်ကောင်စီက ငါးယောက် ကျဆုံးတာပေါ့။ ပြီးတော့ အဲဒီဘုန်းကြီးကျောင်းနားက ရဲ့နဲ့ သွားတိုက်တာ ရဲဘက်က ခြောက်ယောက်ကျဆုံးတယ်။ ကျွန်တော်တို့ဘက်ကတော့ အောင်မြင်စွာ ဆုတ်နိုင်ခဲ့တာပေါ့။ တစ်ချိန်တခါတည်းမှာလည်း ထန်တလန်မှာဖြစ်တယ်။ ထန်တလန်မှာ ကျွန်တော်တို့ဘက်က ကျွန်တော်တို့ ရဲဘော်တစ်ယောက်ကျတယ်။ ပြီးတော့ နှစ်ယောက်ဒဏ်ရာရတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

ထန်တလန်ဖြစ်စဉ်မှာ စစ်ကောင်စီတပ်ကို ချင်းတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီစခန်းပေါ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဘာသာရေးအသင်းအဖွဲ့တွေလုပ်တဲ့ မိဘမဲ့ကျောင်းတစ်ခု မီးလောင်သွားတာပေါ့။ ထန်တလန်ဖြစ်စဉ်က စခန်းနားကို ကျွန်တော်တို့ ကပ်ပြီးတော့ သွားတိုက်တာ။ ဒါပေမဲ့ ဟိုကနေ လက်နက်ကြီးထုတော့ ပြန်ဆုတ်လာခဲ့တယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

ယမန်နေ့ ကလည်း မတူပီခရိုင် ရေဇွာမြို့ရှိ စစ်ကောင်စီတပ်ကို ချင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့သည်။ စစ်ကောင်စီတပ်မှ လက်နက်အချို့ရခဲ့ကြောင်း CNF ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ထို့အပြင် တီးတိန်မြို့နယ်၌လည်း CDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး လက်နက် နှစ်လက်သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ချင်းပြည်နယ်တွင် မြို့နယ် ကိုးခုရှိသည့်အနက် ပလက်၀နှင့် တွန်းဇံမြို့နယ်မှအပ ကျန်မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားနေသည်။

“အနော်ရထာ စစ်ဆင်ရေးဆိုပြီး ချင်းတောင်ကို စစ်ကောင်စီတွေတက်လာတဲ့ နောက်ပိုင်းမှာ တိုက်ပွဲက ချင်းပြည်နယ် အနှံ့လို့ပြောရမှာပေါ့။ ချင်းပြည်နယ် ခုနစ်မြို့နယ်မှာ စစ်ဆင်ရေးတွေ လှုပ်ရှားမှု လုပ်လာတာ။ တိုက်ပွဲက ပိုပြီးစိပ်လာတယ်လို့ ပြောရမှာပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်။

(CNA ရဲဘော်များကို တွေ့ရစဥ်၊ ဓာတ်ပုံ – CNA)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။