Connect with us

Hi, what are you looking for?

LuduNwayOo

News

ပင်လယ်ဘူးတိုက်ပွဲ စစ်​​ကောင်စီတပ် ၄၀ မှ ၅၀အတွင်း​သေ၊ PDF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူများနှင့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံအတွက်ကျဆုံးခဲ့​သူများမှာ ​ရွှေဘိုနယ်မှနှစ်ဦး၊ရေဦးနှင့်ခင်ဦး မြို့နယ်က နှစ်ဦး၊စစ်ကိုင်းမြို့နယ်မှတစ်ဦးဖြစ်ကြောင်း​လည်းပါရှိသည်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်PDFတို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၄၀နှင့် ၅၀ ဦးကြားသေဆုံးကြောင်းPinlebu Revolution ထုတ်ပြန်သည်။

“ဒီနေ့ ( နိုဝင်ဘာ ၆ ရက်)မနက် တိုက်ပွဲ အတွင်းရောမနေ့ က အပါအဝင် စစ်ခွေး ၄၀ နဲ့ ၅၀ ကြားသေတယ်။စစ်ကြောင်း (၄)ကြောင်းဖြင့် ထိုးစစ်ဆင်နေလို့လက်နက်ခဲယမ်းမရရှိပါဘူး”ဟု Pinlebu Rev olutionက ပြောသည်။

နိုဝင်ဘာလ ၅ ရက် နံနက်ခင်းပိုင်းက ပင်လည်ဘူးမြို့နယ် မလိမ်းတုံး၊ပင်တုံးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားရာ ယနေ့နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး PDFဘက်မှလည်း ယမန်နေ့က တစ်ဦး၊ ယနေ့ လေးဦး ကျဆုံးကြောင်း၊ စစ်ကောင်စီဘက်မှ အယောက်လေးဆယ်ကျော် ငါးဆယ်နီးပါး သေဆုံးနိုင်ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူများနှင့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံအတွက်ကျဆုံးခဲ့​သူများမှာ ​ရွှေဘိုနယ်မှနှစ်ဦး၊ရေဦးနှင့်ခင်ဦး မြို့နယ်က နှစ်ဦး၊စစ်ကိုင်းမြို့နယ်မှတစ်ဦးဖြစ်ကြောင်း​လည်းပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ပင်လည်ဘူးနှင့် ကောလင်း ဒေသကို အကြမ်းဖက်စစ်ကောင်စီက အင်အား ၇၀၀ ထက်မနည်းသောစစ်ကြောင်းလေးကြောင်းဖြင့်ထိုးစစ်ဆင်နေကြောင်းလည်း Pinlebu Revolution က အသိပေးသည်။

“ကောလင်းမှာလက်ရှိ အနောက်ခြမ်းကိုဝိုင်းနေတဲ့အင်အားကိုခင်ဗျားတို့သိပါသလား ။လာကာမှာမနေ့ကတိုက်ပွဲမှာ ခွေးအင်အားက ၁၇၀ ဝန်းကျင် ၊ကောလင်းကနေဆင်းလာတာက ဂွေးချိုမှာ ၁၀၀ ကျော် ၊ပင်လည်ဘူးနှင့်ကောလင်းအစပ်မှာ စစ်ကြောင်းထိုးနေတာ ၂၀၀ နီးပါး၊ ချပ်သင်းဘေးမဲ့တော့မှာ တစ်ဖွဲ့ကို တစ်ရာဝန်းကျင်နှစ်ဖွဲ့ကောလင်းအရှေ့မှာရော ရှိတဲ့အင်အား မြို့ထဲကခွေး အနည်းငယ်ဝန်းသို ၁၂၀ လာရာလမ်းကြောင်းတစ်လျှောက်တပ်စိတ်နှစ်ခုစာ လုံခြုံ ရေးယူပေးထားသေးတယ်”ဟု ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေး၏ ထောက်ပို့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလက်ရှိအချိန်ထိ ယင်းဒေသတွင် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်PDFတို့ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။