Connect with us

Hi, what are you looking for?

News

ပင်လယ်ဘူးတိုက်ပွဲ စစ်​​ကောင်စီတပ် ၄၀ မှ ၅၀အတွင်း​သေ၊ PDF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူများနှင့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံအတွက်ကျဆုံးခဲ့​သူများမှာ ​ရွှေဘိုနယ်မှနှစ်ဦး၊ရေဦးနှင့်ခင်ဦး မြို့နယ်က နှစ်ဦး၊စစ်ကိုင်းမြို့နယ်မှတစ်ဦးဖြစ်ကြောင်း​လည်းပါရှိသည်။

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်PDFတို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၄၀နှင့် ၅၀ ဦးကြားသေဆုံးကြောင်းPinlebu Revolution ထုတ်ပြန်သည်။

“ဒီနေ့ ( နိုဝင်ဘာ ၆ ရက်)မနက် တိုက်ပွဲ အတွင်းရောမနေ့ က အပါအဝင် စစ်ခွေး ၄၀ နဲ့ ၅၀ ကြားသေတယ်။စစ်ကြောင်း (၄)ကြောင်းဖြင့် ထိုးစစ်ဆင်နေလို့လက်နက်ခဲယမ်းမရရှိပါဘူး”ဟု Pinlebu Rev olutionက ပြောသည်။

နိုဝင်ဘာလ ၅ ရက် နံနက်ခင်းပိုင်းက ပင်လည်ဘူးမြို့နယ် မလိမ်းတုံး၊ပင်တုံးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားရာ ယနေ့နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး PDFဘက်မှလည်း ယမန်နေ့က တစ်ဦး၊ ယနေ့ လေးဦး ကျဆုံးကြောင်း၊ စစ်ကောင်စီဘက်မှ အယောက်လေးဆယ်ကျော် ငါးဆယ်နီးပါး သေဆုံးနိုင်ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူများနှင့် ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံအတွက်ကျဆုံးခဲ့​သူများမှာ ​ရွှေဘိုနယ်မှနှစ်ဦး၊ရေဦးနှင့်ခင်ဦး မြို့နယ်က နှစ်ဦး၊စစ်ကိုင်းမြို့နယ်မှတစ်ဦးဖြစ်ကြောင်း​လည်းပါရှိသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ပင်လည်ဘူးနှင့် ကောလင်း ဒေသကို အကြမ်းဖက်စစ်ကောင်စီက အင်အား ၇၀၀ ထက်မနည်းသောစစ်ကြောင်းလေးကြောင်းဖြင့်ထိုးစစ်ဆင်နေကြောင်းလည်း Pinlebu Revolution က အသိပေးသည်။

“ကောလင်းမှာလက်ရှိ အနောက်ခြမ်းကိုဝိုင်းနေတဲ့အင်အားကိုခင်ဗျားတို့သိပါသလား ။လာကာမှာမနေ့ကတိုက်ပွဲမှာ ခွေးအင်အားက ၁၇၀ ဝန်းကျင် ၊ကောလင်းကနေဆင်းလာတာက ဂွေးချိုမှာ ၁၀၀ ကျော် ၊ပင်လည်ဘူးနှင့်ကောလင်းအစပ်မှာ စစ်ကြောင်းထိုးနေတာ ၂၀၀ နီးပါး၊ ချပ်သင်းဘေးမဲ့တော့မှာ တစ်ဖွဲ့ကို တစ်ရာဝန်းကျင်နှစ်ဖွဲ့ကောလင်းအရှေ့မှာရော ရှိတဲ့အင်အား မြို့ထဲကခွေး အနည်းငယ်ဝန်းသို ၁၂၀ လာရာလမ်းကြောင်းတစ်လျှောက်တပ်စိတ်နှစ်ခုစာ လုံခြုံ ရေးယူပေးထားသေးတယ်”ဟု ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေး၏ ထောက်ပို့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုလက်ရှိအချိန်ထိ ယင်းဒေသတွင် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်PDFတို့ စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

AA တပ်ဖွဲ့ဝင်​တွေကလက်နက်ခဲယမ်းနဲ့အ​လောင်း​တွေသိမ်းရ