Connect with us

Hi, what are you looking for?

News

ခုခံစစ်ကြေညာပြီးနောက် ရန်ကိုင်တိုင်း၌ စစ်ကောင်စီပစ်မှတ် ၄၀၀ကျော် တိုက်ခိုက်ခဲ့၊ စစ်ကောင်စီဘက်မှ ၉၀ကျော်သေဟု ထုတ်ပြန်

ခရိုင်လေးခုတွင် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်ရာ နိုင်ငံရေးပစ်မှတ် ၁၇၀ခု ၊ စစ်ရေးပစ်မှတ် ၂၃၉ ခု နှင့် စီးပွားရေး ပစ်မှတ် ၃၄ခု တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတော်လှန်စစ် စတင်ကြောင်း ကြေညာပြီး ၂လအတွင်း ရန်ကုန်တိုင်းတွင် စစ်ကောင်စီနှင့် ပတ်သက်သည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးပစ်မှတ် ၄၄၃ ခုကို တိုက်ခိုက်ခဲ့သည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းအတွင်း စက်တင်ဘာ ၇ရက်မှ နိုဝင်ဘာ ၆ရက်အထိ ၂လ တာဖြစ်ပွားခဲ့သည့် ခုခံတော်လှန်ရေး ဖြစ်စဉ်များကို အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်း ခရိုင်ဟူ၍ ခရိုင်လေးခု ခွဲ၍ ဖြစ်စဉ်များကို ထုတ်ပြန်ခဲ့သည်။

ခရိုင်လေးခုတွင် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်ရာ နိုင်ငံရေးပစ်မှတ် ၁၇၀ခု ၊ စစ်ရေးပစ်မှတ် ၂၃၉ ခု နှင့် စီးပွားရေး ပစ်မှတ် ၃၄ခု တို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်နှင့် ရဲမှ သေဆုံးသူ ၃၉ဦး၊ ဒဏ်ရာရ ၇၃ဦး ရှိပြီး စစ်ကောင်စီလက်ပါးစေ များ သေဆုံးမှုမှာ ၅၄ဦး ရှိပြီး ဒဏ်ရာရသူ ၃၀ ဦးရှိကြောင်း ဖော်ပြထားသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။