Connect with us

Hi, what are you looking for?

News

ကောလင်း​​ဒေသတိုက်ပွဲကို စစ်​​ကောင်စီတပ်က ဂျက်​လေယာဥ်အသုံးပြုထိုးစစ်ဆင်​နေဟု ​ဒေသတပ်ဖွဲ့​ပြော

“မြေပြင်မှာ မနိုင်တော့ လေယာဥ်ပါသုံးတယ်။ အထိ အခိုက် အသေအဆုံးစာရင်း မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် အကြမ်းဖက်စစ် ကောင်စီနှင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က ဂျက်လေယာဥ်ပါအသုံးပြု ထိုးစစ်ဆင်နေကြောင်း Kawlin Revolutionက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းကစ၍ ကောလင်းဒေသ အနောက်ခြမ်းထိန်အင်းကျေးရွာဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက စတင် တိုက်ခိုက်နိုင်ခဲ့သည်။

ထို့နောက် အထိနာနေသည့် စစ်တပ်က ဂျက်လေယာဥ် ပါအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက PSသို့ ​ပြောသည်။

“မြေပြင်မှာ မနိုင်တော့ လေယာဥ်ပါသုံးတယ်။ အထိ အခိုက် အသေအဆုံးစာရင်း မသိရသေးဘူး”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပင်လည်ဘူးနှင့် ကောလင်မြို့နယ် ဒေသတစ်ဝိုက်ကို နိုဝင်ဘာ ၅ ရက်က စ၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ထို့ကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းကာ စစ်ကောင်စီကို ခုခံစစ်ဆင်နွှဲနေပြီး နိုဝင် ဘာ ၅ ရက် နှင့် ၆ရက်အတွင်း စစ်ကောင်စီတပ်သား ၅၀ ထက်မနည်း သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်သား ၅ ဦး ကျဆုံးခဲ့သည်။

ထို့အပြင် ပင်လည်ဘူးနှင့် ကောလင်းဒေသကို အကြမ်း ဖက်စစ်ကောင်စီက အင်အား ၇၀၀ ထက်မနည်းသောစစ်ကြောင်းလေးကြောင်းဖြင့် ထိုးစစ်ဆင်နေကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။