Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသည့် စစ်သားနှင့်ရဲ ၃၀၀ကျော်ထပ်တိုး၊ နှစ်လအတွင်း စစ်သားနှင့် ရဲ၁,၁၀၀ခန့်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာသည့် စက်တင်ဘာ၇ရက်မှ စတင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာသည့် တပ်သားနှင့်ရဲ များနေ့စဉ် တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား တားဆီး​နေ​သော ရဲတပ်သားများကို ရန်ကုန်မြို့လည်၌ ​တွေ့ရစဥ်)

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန်ဆက်သွယ် လာသော တပ်သားနှင့်ရဲ ၃၁၆ဦး တိုးလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာသည့် စက်တင်ဘာ၇ရက်မှ စတင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာသည့် တပ်သားနှင့်ရဲ များနေ့စဉ် တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

ယင်းအနက် အောက်တိုဘာ ၈ရက်မှ နိုဝင်ဘာ ၇ရက် အထိ တစ်လတာကာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်းဆက်သွယ်လာသူ တပ်သား၁၅၅ ဦး၊ ရဲ၁၆၁ ဦး စုစုပေါင်း ၃၁၆ ရှိပြီး အဆိုပါ ကိန်းဂဏန်းသည် ပြည်သူ့ရင်ခွင်အဖွဲ့တစ်ခုထဲသို့ ဆက်သွယ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခင် စက်တင်ဘာ ၇ရက်မှ အောက်တိုဘာ ၇ရက်အထိ ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆက်သွယ်လာသူအရေအတွက်မှာ တပ်သား ၄၂၉ဦး၊ ရဲ ၃၃၄ ဦး စုစုပေါင်း ၇၆၃ဦးဖြစ်ရာ နှစ်လအတွင်း ဆက်သွယ်လာသူ ၁,၀၇၉ဦး ရှိလာပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

လွတ်မြောက်နယ်မြေများနှင့်ပြည်သူ့ကာကွယ်ရေးတပ်များထံရောက်ရှိနေသော ပြည်သူ့ရင်ခွင်ခိုလှုံနေသည့် တပ်သားနှင့်ရဲများ လည်းရှိနေသေးသည်ဟု ဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏တပ်နှင့်ရဲဌာနများအတွင်းမှ နေ့စဉ်အရေးကြီးသတင်းပေးပို့နေသော ပြည်သူ့ဘက်တော်သားများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။