Connect with us

Hi, what are you looking for?

News

စစ်ကောင်စီထံမှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန် ဆက်သွယ်လာသည့် စစ်သားနှင့်ရဲ ၃၀၀ကျော်ထပ်တိုး၊ နှစ်လအတွင်း စစ်သားနှင့် ရဲ၁,၁၀၀ခန့်ရှိ

အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာသည့် စက်တင်ဘာ၇ရက်မှ စတင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာသည့် တပ်သားနှင့်ရဲ များနေ့စဉ် တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

(စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား တားဆီး​နေ​သော ရဲတပ်သားများကို ရန်ကုန်မြို့လည်၌ ​တွေ့ရစဥ်)

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံရန်ဆက်သွယ် လာသော တပ်သားနှင့်ရဲ ၃၁၆ဦး တိုးလာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

အမျိုးသားညီညွတ်ရေးအစိုးရက ခုခံတွန်းလှန်စစ်စတင်ပြီ ဖြစ်ကြောင်း ကြေညာသည့် စက်တင်ဘာ၇ရက်မှ စတင်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်း ဆက်သွယ်လာသည့် တပ်သားနှင့်ရဲ များနေ့စဉ် တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

ယင်းအနက် အောက်တိုဘာ ၈ရက်မှ နိုဝင်ဘာ ၇ရက် အထိ တစ်လတာကာလအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်းဆက်သွယ်လာသူ တပ်သား၁၅၅ ဦး၊ ရဲ၁၆၁ ဦး စုစုပေါင်း ၃၁၆ ရှိပြီး အဆိုပါ ကိန်းဂဏန်းသည် ပြည်သူ့ရင်ခွင်အဖွဲ့တစ်ခုထဲသို့ ဆက်သွယ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ယခင် စက်တင်ဘာ ၇ရက်မှ အောက်တိုဘာ ၇ရက်အထိ ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆက်သွယ်လာသူအရေအတွက်မှာ တပ်သား ၄၂၉ဦး၊ ရဲ ၃၃၄ ဦး စုစုပေါင်း ၇၆၃ဦးဖြစ်ရာ နှစ်လအတွင်း ဆက်သွယ်လာသူ ၁,၀၇၉ဦး ရှိလာပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

လွတ်မြောက်နယ်မြေများနှင့်ပြည်သူ့ကာကွယ်ရေးတပ်များထံရောက်ရှိနေသော ပြည်သူ့ရင်ခွင်ခိုလှုံနေသည့် တပ်သားနှင့်ရဲများ လည်းရှိနေသေးသည်ဟု ဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏တပ်နှင့်ရဲဌာနများအတွင်းမှ နေ့စဉ်အရေးကြီးသတင်းပေးပို့နေသော ပြည်သူ့ဘက်တော်သားများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနမှ အထူးကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ထန်းပင်ကုန်းကြီးရွာနဲ့ ညောင်အိုင်ရွာကြားမှာ လစာထုတ်ပြန်လာတဲ့ စစ်သား တပ်ကြပ်ရန်နိုင်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၃) ငါးပြေမ တပ်ရင်းက ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်သားတွေ မြို့သာဘီယာဆိုင် လာသောက်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၄ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံက ထုတ်ပြန်ထားပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။