ဝက်လက်မြို့တွင် ရေသန့် လုပ်ငန်းရှင်တစ်ဦး၏ ကားမီးရှို့ဖျက်ဆီးခံလိုက်ရပြီး ယာဥ်ပေါ်ပါ အမျိုးသားနှစ်ဦးလည်း အသတ်ခံလိုက်ရသည်။
ယနေ့(နိုဝင်ဘာ ၈ရက်) နေ့လယ်နှစ်နာရီခန့်ကဝက်လက်မြို့၊ မြင့်ရေသန့်စက်ရုံမှ ရေသန့်တင်ကားတစ်စီးသည် ဗျူဟာလမ်းပေါ်တွင် မီးရှို့ဖျက်ဆီးခံရခြင်းဖြစ်သည်။
” ဝက်လက်မြို့နယ် ဗျူဟာလမ်းပေါ်တွင် မြင့်ရေသန့်ကားမီးရှို့ဖျက်ဆီးခံရပြီးယာဉ်မောင်း ၂ ဦးပါ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။မည်သည့်အဖွဲ့အစည်းကပြုလုပ်သွားသည်ကိုတော့ ကျနော်တို့အနေဖြင့်သည်းခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ကာ ဒေသတွင်း စစ်ကောင်စီတော်လှန်ရေးသတင်းများ ဖော်ပြနေသည့် ဝက်လက်မြို့ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
မြင့်ရေသန့်စက်ရုံပိုင်ရှင်သည် စစ်ကောင်စီနှင့် ပတ်သက်နေ၍ စစ်အာဏာရှင် ဆန့်ကျင်သူများက လက်တုန့်ပြန်ခြင်းဖြစ်နိုင်သလို PDFများအား အမည်ဖျက်ရန် ပျူစောထီးများက လုပ်ကြံသွားခြင်းလည်းဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။ သေဆုံးသူနှစ်ဦးမှာ ယာဥ်မောင်းနှင့် ကားပြင်သူ ဖြစ်သည်။ ကားပြင်သူသည် အပြစ်မရှိဘဲ အသတ်ခံရခြင်းဖြစ်ကြောင်း ကာယကံရှင်၏မိသားစုဝင်များက လူမှုကွန်ရက်တွင် ရေးသားထားသည်။ ပျုစောထီးများက အရပ်သားအားပစ်ခတ်မှုသည် ကချင်ပြည်နယ် ဟိုပင်မြို့တွင် ယမန်နေ့(နိုဝင်ဘာ ၇ရက်)က ဖြစ်ခဲ့သည်ကို သင်ခန်းစာယူရန်လည်း ဝက်လက်မြို့ခံအချို့က မှတ်ချက်ပြုသတိပေးသည်။ ဟိုပင်ပစ်ခတ်မှာတွင် သံဃာတစ်ပါးနှင့် အရပ်သား ငါ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

Public Service Announcement


















































