Connect with us

Hi, what are you looking for?

News

မိုးဗြဲနှင့် ဖယ်ခုံကို စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ​နေအိမ်အချို့ ပျက်စီး

“နေအိမ် နှစ်လုံးလောက်ပျက်စီးသွားတယ်။ထိခိုက်မိသူမရှိဘူး။အဲဒီလို မရှိတာလဲ မြို့နေသူတွေက လက်နက်ကြီး ကျကတည်းက တိမ်ရှောင်ခဲ့ရတာ”ဟု ၎င်းက ပြော သည်။

ရှမ်း-ကယားပြည်နယ်အစပ် မိုးဗြဲ နှင့် ဖယ်ခုံမြို့တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့သည်။

မြို့ပေါ်နေပြည်သူလူထုမှာလည်း ယမန်​နေ့ညက စစ်ဘေးရှောင်ခဲ့ရမှုများရှိကြောင်း မိုးဗြဲလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“နေအိမ် နှစ်လုံးလောက်ပျက်စီးသွားတယ်။ထိခိုက်မိသူမရှိဘူး။အဲဒီလို မရှိတာလဲ မြို့နေသူတွေက လက်နက်ကြီး ကျကတည်းက တိမ်ရှောင်ခဲ့ရတာ”ဟု ၎င်းက ပြော သည်။

အလားတူ ဖယ်ခုံမြို့ပေါ်တွင်လည်း နိုဝင်ဘာ ၉ ရက် ည ၆ နာရီကျော်က စ၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီး ၁၀ ချက်လောက်နဲ့ လက်နက် ငယ် အချက်ရေ တော်တော်များများ သူတို့ဘက်က စတင်ပစ်ခတ်ခဲ့တယ်။လူတွေထိခိုက်မိတာတော့ မရှိဘူး။တ ခြား ဘာတွေ ထိလည်းဆိုတာ မသိရသေးဘူး”ဟု ၎င်းက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီမှာ ဖယ်ခုံ နှင့် မိုးဗြဲသို့ အောက်တိုဘာ နောက်ဆုံးပတ်ကစ၍ ထိုးစစ်ဆင်မှုများဆက်တိုက်ပြုလုပ်နေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံစစ်ဖြင့် ဆင်နွှဲနေသည်။

နိုဝင်ဘာ ၂ ရက်မှ ၈ ရက်အထိ ဖယ်ခုံမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်သား တစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။