Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးဗြဲနှင့် ဖယ်ခုံကို စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ​နေအိမ်အချို့ ပျက်စီး

“နေအိမ် နှစ်လုံးလောက်ပျက်စီးသွားတယ်။ထိခိုက်မိသူမရှိဘူး။အဲဒီလို မရှိတာလဲ မြို့နေသူတွေက လက်နက်ကြီး ကျကတည်းက တိမ်ရှောင်ခဲ့ရတာ”ဟု ၎င်းက ပြော သည်။

ရှမ်း-ကယားပြည်နယ်အစပ် မိုးဗြဲ နှင့် ဖယ်ခုံမြို့တွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့သည်။

မြို့ပေါ်နေပြည်သူလူထုမှာလည်း ယမန်​နေ့ညက စစ်ဘေးရှောင်ခဲ့ရမှုများရှိကြောင်း မိုးဗြဲလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“နေအိမ် နှစ်လုံးလောက်ပျက်စီးသွားတယ်။ထိခိုက်မိသူမရှိဘူး။အဲဒီလို မရှိတာလဲ မြို့နေသူတွေက လက်နက်ကြီး ကျကတည်းက တိမ်ရှောင်ခဲ့ရတာ”ဟု ၎င်းက ပြော သည်။

အလားတူ ဖယ်ခုံမြို့ပေါ်တွင်လည်း နိုဝင်ဘာ ၉ ရက် ည ၆ နာရီကျော်က စ၍ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း ဖယ်ခုံ PDF တာဝန်ရှိသူက ဆိုသည်။

Public Service Announcement

Public Service Announcement

“လက်နက်ကြီး ၁၀ ချက်လောက်နဲ့ လက်နက် ငယ် အချက်ရေ တော်တော်များများ သူတို့ဘက်က စတင်ပစ်ခတ်ခဲ့တယ်။လူတွေထိခိုက်မိတာတော့ မရှိဘူး။တ ခြား ဘာတွေ ထိလည်းဆိုတာ မသိရသေးဘူး”ဟု ၎င်းက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီမှာ ဖယ်ခုံ နှင့် မိုးဗြဲသို့ အောက်တိုဘာ နောက်ဆုံးပတ်ကစ၍ ထိုးစစ်ဆင်မှုများဆက်တိုက်ပြုလုပ်နေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံစစ်ဖြင့် ဆင်နွှဲနေသည်။

နိုဝင်ဘာ ၂ ရက်မှ ၈ ရက်အထိ ဖယ်ခုံမြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်သား တစ်ဦးကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။