Connect with us

Hi, what are you looking for?

News

မန္တလေးမှာအုပ်စုလိုက် ဆိုင်ကယ်လုယက်တာ ၊ ခိုးတာတွေ ခပ်စိတ်စိတ်ဖြစ်လာ

လူရှင်းတဲ့လမ်းမတွေမှာ စောင့်ဆိုင်းနေပြီး လုယက်တာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးကပြောပါတယ်။

မန္တလေးမြို့တွင်းမှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ပြည်သူတွေကိုတွေ့ရစဉ်

မန္တလေးမှာ လူအုပ်စုလိုက် ဆိုင်ကယ်ခိုးမှုတွေ ၊ လုယက်မှုတွေ ဒီရက်ပိုင်းတွေမှာ ခပ်စိတ်စိတ်ဖြစ်ပွားလာပါတယ်။

ခိုးမှု ၊လုယက်မှု ကျူးလွန်သူတွေဟာ အုပ်စုလိုက်ကျုးလွန်ကြတာဖြစ်ပြီး လုယက်ခံရသူတွေကို ရန်ပြုတာတွေကြောင့် အသက်ဆုံးရှုံးရတာတွေရှိနေပါတယ်။

ခိုးတာ ၊လုယက်တာကိုလည်းညပိုင်းတင်မကဘဲ နေ့ခင်းအချိန်တွေပါ ကျုးလွန်လာတာကိုတွေ့ရပါတယ်။

လူရှင်းတဲ့လမ်းမတွေမှာ စောင့်ဆိုင်းနေပြီး လုယက်တာလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

” ကျွန်တော်က မြို့သစ်ဖက်ထဲမှာဖြစ်တာ၊လူကလည်းရှင်းနေတော့ နောက်ကနေပါလာပြီး ဆိုင်ကယ်ကိုစောင့်တွန်းတာ ၊ ဖြစ်ချင်တော့ ကားတစ်စီးကဝင်လာပြီးဘေးမှာလူတွေရောက်လာတာနဲ့ ထားခဲ့ကြတာ “လို့ ပြောပါတယ်။

မန္တလေးမြို့က နာမည်ကြီးလက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အုပ်စုလိုက် ဆိုင်ကယ်အလုခံရပြီး ရန်ပြုလို့ရခဲ့တဲ့ဒဏ်ရာနဲ့သေဆုံးခဲ့ရပါတယ်။

ဆိုင်ကယ် ပျောက်ဆုံးမှုတွေ ၊ လုယူခံရမှုတွေနဲ့ ပတ်သက်ပြီး အချို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံသို့ သွားရောက်တိုင်ကြားမှုများရှိပေမယ့် အချို့ကတော့မတိုင်ကြားဘူးလို့သိရပါတယ်။

မန္တလေး မြရည်နန္ဒာအိမ်ရာနဲ့ အနီးရှိရပ်ကွက်က နေအိမ်တွေမှာတော့ ခြံစည်းရိုးတွေကို ဖျက်ပြီး ခြံဝင်းထဲက ဆိုင်ကယ်တွေကို လိုက်ထရပ်ကားပေါ်တင်ပြီး ခိုးယူတာတွေလည်း မကြာခဏဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။