Connect with us

Hi, what are you looking for?

News

နိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေးဝန်ထမ်းများအလုပ်အမှုဆောင်ကော်မတီ NUG ဖွဲ့စည်း

ဥက္ကဌတာဝန်ယူထားသော တွဲဘက်မြို့နယ်တရားသူကြီးဦးကောင်းမြတ်သူသည် အသက်၂၇နှစ်အရွယ်သာရှိသေးပြီး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေသူဖြစ်သည်။
ဦးကောင်းမြတ်သူအား စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖွင့်ထားပြီး ဝရမ်းထုတ်ထားသည်။

People's Spring
People's Spring

စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသည့် လူငယ်တရားသူကြီးတစ်ဦး ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေးဝန်ထမ်းများ အဖွဲ့အစည်း (ယာယီ) အလုပ်အမှုဆောင်ကော်မတီကို အမျိုးသား ညီညွတ်ရေးအစိုးရ-NUGက ဖွဲ့စည်းလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနသည် တရားရေဝန်ကြီးဌာန၏ ကြားကာလ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များအား ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ဖော်ပြပါရှိသည့်အတိုင်း NUGနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့က ချမှတ်သည့် မူဝါဒ ၊ စီမံချက်များ နှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့တရားရေးဝန်ထမ်းများ အဖွဲ့အစည်း၏ (ယာယီ) အလုပ်အမှုဆောင်ကော်မတီကိုယနေ့ (နိုဝင်ဘာ ၁၀ရက်) ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ယင်းကော်မတီတွင် ဥက္ကဌအဖြစ် CDM ပြုလုပ်နေသည့်ချောင်းဦးမြို့နယ် တွဲဘက် မြို့နယ် တရားသူကြီး ဦးကောင်းမြတ်သူက တာဝန်ယူထားပြီး တရားရေးဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဦးက နာယကတာဝန်ယူထားသည်။ CDMပြုလုပ်ထားသော တရားသူကြီးများဖြင့် ဖွဲ့စည်းထားသော အဆိုပါကော်မတီတွင် နာယက၊ ဥက္ကဌနှင့်ဒုတိယဥက္ကဌအပြင် အဖွဲ့ဝင် ၆ ဦး၊ ဘဏ္ဍာရေးမှုးတစ်ဦး၊ စာရင်းစစ်တစ်ဦးနှင့်အတွင်းရေးမှုးတစ်ဦးတို့ပါဝင်သည်။ အတွင်းရေးမှုးတာဝန်ယူထားသည့် ဒုတိယမြို့နယ်တရားသူကြီး ဦးမင်းနောင်ခိုင်သည် စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး လွတ်ငြိမ်းဖြင့် ပြန်လွတ်ခဲ့ပြီးနောက် လွတ်မြောက်နယ်မြေသို့ ထွက်လာကာ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသူဖြစ်သည်။

ဥက္ကဌတာဝန်ယူထားသော တွဲဘက်မြို့နယ်တရားသူကြီးဦးကောင်းမြတ်သူသည် အသက်၂၇နှစ်အရွယ်သာရှိသေးပြီး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးတွင် တက်ကြွစွာပါဝင်နေသူဖြစ်သည်။
ဦးကောင်းမြတ်သူအား စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖွင့်ထားပြီး ဝရမ်းထုတ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook