Connect with us

Hi, what are you looking for?

News

အရေးကြီးတဲ့ကူးစက်ရောဂါများတိုက်ဖျက်ရေး မဆောင်ရွက်နိုင်အောင် အကြမ်းဖက်စစ်ကောင်စီ ပစ်မှတ်ထားလုပ်ဆောင်နေတယ်လို့ NUG ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ကျန်းမာရေးလိုအပ်ချက်များအပေါ် ခုတုံး လုပ်ကာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြံစည်ဆောင်ရွက်နေပြီး အပြစ်မဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများနဲ့ ပရဟိတစေတနာ့ဝန်ထမ်းများကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့လည်း NUG က ထုတ်ပြန်ပါတယ်။

People's Spring
People's Spring

‐အချိန်မီထိရောက်စွာ အရေးယူဆောင်ရွက်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်း

COVID-19 အပါအဝင် အရေးကြီးတဲ့ကူးစက်ရောဂါများတိုက်ဖျက်ရေးလုပ်ငန်းတွေ မဆောင်ရွက်နိုင်ရေး အကြမ်းဖက်စစ်ကောင်စီက ပစ်မှတ်ထား ခြိမ်းခြောက်ခြင်း၊ အသက်အန္တရာယ် ရန်ရှာခြင်းလုပ်ဆောင်နေတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများနဲ့ ဆေးရုံ၊ ဆေးခန်းများကို အကြမ်းဖက်စစ်ကောင်စီက ပစ်မှတ်ထား ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းများအပေါ် ပြင်းထန်စွာရှုံ့ချကြောင်းနဲ့ အဲဒီအကြမ်းဖက်လုပ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက အချိန်မီထိရောက်စွာ အရေးယူဆောင်ရွက်ကြဖို့ တိုက်တွန်းကြောင်း NUGက ထုတ်ပြန်ပါတယ်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး၊ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (HIV/AIDS) တိုက်ဖျက်ရေး၊ တီဘီရောဂါ (Tuber-culosis) တိုက်ဖျက်ရေး၊ ငှက်ဖျားရောဂါ (Malaria) တိုက်ဖျက်ရေး စတဲ့ လုပ်ငန်းများကို ဆောင်ရွက်နေကြတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို လုပ်ငန်း ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိစေဖို့ စစ်ကောင်စီက ခြိမ်းခြောက်ခြင်း၊ အသက်အန္တရာယ် ရန်ရှာခြင်းများ ပြုလုပ်နေတာကို သက်သေအထောက်အထားများနဲ့တကွသိရှိရတယ်လို့ NUG က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုရဲ့ ကျန်းမာရေးလိုအပ်ချက်များအပေါ် ခုတုံး လုပ်ကာ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြံစည်ဆောင်ရွက်နေပြီး အပြစ်မဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးသူများနဲ့ ပရဟိတစေတနာ့ဝန်ထမ်းများကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့လည်း NUG က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ အဲဒီလုပ်ရပ်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ အပေါ် အထင်မြင်လွဲမှားစေဖို့ ပြုမူဆောင်ရွက်နေခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook