Connect with us

Hi, what are you looking for?

News

လျှို့ဝှက်အက်ဥပဒေနဲ့ စွပ်စွဲတရားစွဲဆိုခံရတဲ့ ရှောင်တာနယ်လ်အမှု ကိုချေဖျက်မယ့်နည်းလမ်း ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို အာဏာသိမ်းပြီး ၅ ရက်အကြာမှာ စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ် ၁၄ နှစ်အထိ ချနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ နဲ့ တရားစွဲဆိုခဲ့တာပါ။

အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွပ်စွဲတရားစွဲခံထားရတဲ့ စီးပွားရေးအကြံပေးမစ္စတာရှောင်တာနယ်လ်ရဲ့အမှုကို ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ စစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဒီအမှုမှာစွပ်စွဲခံရသူ ၅ ဦးလုံးနဲ့ ရှေ့နေတွေဟာ တရားခွင်မစတင်မီ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အမှုကို ချေဖျက်မယ့် ခုခံကာကွယ်ရေးလမ်းကြောင်းကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာမှာရော ဘာသာပြန်ပေးရာမှာရောဦးဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို အာဏာသိမ်းပြီး ၅ ရက်အကြာမှာ စစ်ကောင်စီက ဖမ်းဆီးကာ ထောင်ဒဏ် ၁၄ နှစ်အထိ ချနိုင်တဲ့ အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ နဲ့ တရားစွဲဆိုခဲ့တာပါ။

ဒါအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီးတွေဖြစ်ကြတဲ့ဦးကျော်ဝင်း ၊ဦးစိုးဝင်း နဲ့ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ကိုလည်း ဒီအမှုမှာ စစ်ကောင်စီက ထည့်သွင်းထားတာဖြစ်ပါတယ်။

အမှုမှာစွပ်စွဲခံရသူအားလုံး ဒီနေ့တွေ့ဆုံမှုအရ ကျန်းမာရေးကောင်းမွန်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် လေတပ်ရဲ့ ကိုယ်ပျောက် ဗုံးကြဲ တိုက်လေယာဉ် B-2တွေ အသုံးပြုခဲ့တဲ့ လျှို့ဝှက် ရေဒီယို အချက်ပြလှိုင်း (signal)တွေကို ထောက်လှမ်း ဖမ်းယူနိုင်ခဲ့ကြောင်း တရုတ် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဒီက​နေ့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်​တွေ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ​တွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာတရားဥပဒေအရ မြန်မြန်ဆန်ဆန်အရေးယူနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။