Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခန့်သံတမန် ၅ ဦးကို ဂျပန်အစိုးရလက်ခံ၊ မြန်မာနိုင်ငံရှိ ဂျပန်နိုင်ငံသားတွေအပေါ် သက်ရောက်မှုရှိလာမှာစိုးရိမ်တာကြောင့် လက်ခံရခြင်းဖြစ်တယ်လို့ဆို

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဂျပန်နိုင်ငံသားတွေကို အကာအကွယ်ပေးရေးမှာ ဆိုးရွားတဲ့သက်ရောက်မှုတွေရှိလာနိုင်တာကို စိုးရိမ်တာကြောင့် စစ်ကောင်စီခန့်သံတမန်တွေကို ငြင်းဆန်ဖို့မတတ်နိုင်ဘူးလို့ နိုင်ငံခြားရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဂျပန်အစိုးရဟာ စစ်ကောင်စီခန့်သံတမန် ၅ ဦးကို လက်ခံလိုက်ပြီး အဲဒီလုပ်ဆောင်မှုဟာ စစ်အုပ် ချုပ်ရေးကို အတည်ပြုလိုက်သလိုယူဆနိုင်တယ်လို့ အစိုးရသတင်းရင်းမြစ်တွေက သောကြာ နေ့(နိုဝင်ဘာ ၁၂ ရက်)မှာ ပြောပါတယ်။

ဂျပန်အစိုးရဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဂျပန်နိုင်ငံသားတွေကို အကာအကွယ်ပေးရေးမှာ ဆိုးရွားတဲ့သက်ရောက်မှုတွေရှိလာနိုင်တာကို စိုးရိမ်တာကြောင့် စစ်ကောင်စီခန့်သံတမန်တွေကို ငြင်းဆန်ဖို့မတတ်နိုင်ဘူးလို့ နိုင်ငံခြားရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

နောက်ပြီး ဂျပန်အစိုးရဟာ စစ်အစိုးရနဲ့ လက်တွေ့ကျတဲ့ဆက်သွယ်မှုတွေကိုလည်း ရင်ဆိုင် နေရတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ မတ်လတုန်းက စစ်ကောင်စီဟာ တိုကျိုရှိမြန်မာသံရုံးက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံတမန်နှစ်ဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အဲဒီသံတမန်နှစ်ဦးနေရာကို အစားထိုးခန့်အပ်သူတွေကိုတော့ ဂျပန်အစိုးရက သံတမန်ဗီဇာအတွက် လုပ်ဆောင်ပေးခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းမှုနဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေကို ဆန့်ကျင်ခဲ့တဲ့၊ ရာထူးကထုတ်ပယ်ခံရတဲ့ သံတမန်နှစ်ဦးကို ဂျပန်အစိုးရက နေထိုင်ခွင့်ဆက်လက်ပေးထားပြီး သူတို့ရဲ့ ဗီဇာတွေကို ရုတ်သိမ်းမှာမဟုတ်ဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်ကောင်စီကတော့ ဗီဇာတွေကို ပြန်ရုတ်သိမ်းဖို့ ဂျပန်အစိုးရကို တောင်းဆိုထားတာပါ။

ဂျပန်အစိုးရဟာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်ရဲ့အကြမ်းဖက်ဖြိုခွင်းမှုတွေကို ရှုတ်ချထားပြီး အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထိန်းသိမ်းခံအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပြန်လည်လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။

ဒါပေမဲ့ ဂျပန်ဟာ အမေရိကန်နဲ့ အခြားသောဒီမိုကရေစီနိုင်ငံတွေက တစ်ဦးချင်းနဲ့ အုပ်စုတွေအပေါ် အရေးယူဒဏ်ခတ်မှုတွေမှာ ပါဝင်လာခြင်းမရှိသေးပါဘူး။

ဂျပန်အထူးကိုယ်စားလှယ်လည်းဖြစ် ၊နီပွန်​ဖောင်​ဒေးရှင်းဥက္ကဌဖြစ်တဲ့ မစ္စတာ ဆာဆာကာဝါ ဟာဒီရက်ပိုင်းအတွင်းမြန်မာနိုင်ငံကိုလာပြီး အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်နဲ့​တွေ့ဆုံဖို့ရှိတယ်လို့အာဏာသိမ်းစစ်​ကောင်စီနဲ့နီးစပ်တဲ့မီဒီယာအချို့မှာလည်း​ဖော်ပြ​နေပါတယ်။

ကိုးကား – Japan Today

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။