Connect with us

Hi, what are you looking for?

News

ယောနှင့် စစ်ကိုင်းဆက်သွယ်ထား​သောလမ်းပိုင်း​လေးခုတွင်တစ်ပါတ်အတွင်းခရီးမသွားရန်YDF ​မေတ္တာရပ်ခံ

စစ်ကောင်စီက အောက်တန်းကျသောနည်းလမ်းသုံးကာ အပြစ်မဲ့ပြည်သူများကို တိုက်ပွဲများအတွင်း လူသားဒိုင်းကာ အသုံးပြုဆောင်ရွက်ခြင်းများပြုလုပ်လေ့ရှိသဖြင့် မိဘပြည်သူများ သတိဝီရိယ နှင့် ဂရုတစိုက်သွားလာနေထိုင်ကြရန်လည်း အသိပေးအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့ပြည်သူများကိုဖမ်းကာ တိုက်ပွဲများအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုလေ့ရှိသဖြင့် စစ်ရေးတင်းမာနေသော ယောဒေသနှင့် စစ်ကိုင်းတိုင်းဆက်သွယ်ထားသော လမ်းပိုင်းလေးခုတွင် နိုဝင်ဘာ ၂၁ ရက်အထိ ခရီးသွားလာခြင်းမပြုရန် ယော​ဒေသပြည်သူ့ကာကွယ်​ရေးတပ်(YDF)က မေတ္တာရပ်ခံထားသည်။

လက်ရှိတင်းမာနေသော စစ်ရေးအခြေအနေများအရ ပုလဲ-‌ကျော-ဂန့်ဂေါ-ကလေးလမ်း၊ပုလဲ-ကျော-ဂန့်ဂေါ-ဟားခါးလမ်း၊ပေါက်-ထီးလင်း-မင်းတပ်လမ်း၊ပေါက်-ကျောက်ထု-မင်းတပ်လမ်း၊ ဂန့်ဂေါ၊ ထီးလင်း၊ ကျော၊ ကျောက်ထု၊ ဆော လမ်းပိုင်းများ တွင် စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာနိုင်သဖြင့် (၁၄.၁၁.၂၀၂၁) ရက်နေ့မှ (၂၁.၁၁.၂၀၂၁) ရက်နေ့အထိ တစ်ပတ်အတွင်း လုံးဝ(လုံးဝ) ခရီးသွားလာခြင်း မပြုလုပ်ကြပါရန် အသိပေးကြေညာအပ်ပါသည်ဟု ယော PDFက ယနေ့(နိုဝင်ဘာ ၁၄ရက်)ညတွင်ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီက အောက်တန်းကျသောနည်းလမ်းသုံးကာ အပြစ်မဲ့ပြည်သူများကို တိုက်ပွဲများအတွင်း လူသားဒိုင်းကာ အသုံးပြုဆောင်ရွက်ခြင်းများပြုလုပ်လေ့ရှိသဖြင့် မိဘပြည်သူများ သတိဝီရိယ နှင့် ဂရုတစိုက်သွားလာနေထိုင်ကြရန်လည်း အသိပေးအပ်ပါကြောင်း ထုတ်ပြန်ထားသည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်(Yaw DefenseForce_YDFသည် စစ်ကောင်စီအား တိုက်ထုတ်နိုင်ရေးအတွက် ဒေသချင်းထိစပ်နေသည့် ချင်းပြည်သူကာကွယ်ရေးတပ်မှ ဟားခါး CDFနှင့် မဟာမိတ်ပြုလုပ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook