Connect with us

Hi, what are you looking for?

News

ထီးချိုင့်တွင် စစ်​ကောင်စီတပ်က အရပ်သားနှစ်ဦးကို ဖမ်းဆီးပြီးပစ်သတ်

ထီးချိုင့်မြို့သည် ဧရာဝတီမြစ် တစ်ဘက်စီတွင် တည်ရှိနေသော မြို့ဖြစ်ပြီး စစ်ကောင်စီက ယခုအခါ မြစ် အနောက်ပိုင်းကျေးရွာများသို့ ဝင်ရောက်မွှေနှောက်နေသည်ဟု ဒေသခံများကပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ဝင်ရောက်လာပြီး အရပ်းသားနှစ်ဦးအားဖမ်းဆီး ပစ်သတ်သွား​ကြောင်း ဒေသခံများကပြောသည်။

ထီးချိုင့်နှင့် ရွှေကူမြို့ကြားရှိ ကျွဲကောရွာမှ ပြည်သူနှစ်ဦးကို ယ‌နေ့(နိုဝင်ဘာ ၁၇) နံနက်က ဖမ်းသွားပြီး နေ့လယ်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

အဖမ်းခံရသူနှစ်ဦးအနက် တစ်ဦးကို သတ်ဖြတ်ပြီး တဲတစ်လုံးပေါ်တွင် မီးရှို့သွားကြောင်းနှင့် နောက်တစ်ဦးကိုရွာထိပ်သို့ ခေါ်သွားပြီး သတ်ဖြတ်မီးရှို့သွားသည်ဟု ကနဦးကြားသိထား‌ကြောင်း ဒေသတွင်း ပြည်သူ့တော်လှန်ရေးသတင်းများ တင်ပေးနေသည့် Tigyaing Revolution – TR pageက သတင်းထုတ်ပြန်ထားသည်။

ထီးချိုင့်မြို့သည် ဧရာဝတီမြစ် တစ်ဘက်စီတွင် တည်ရှိနေသော မြို့ဖြစ်ပြီး စစ်ကောင်စီက ယခုအခါ မြစ် အနောက်ပိုင်းကျေးရွာများသို့ ဝင်ရောက်မွှေနှောက်နေသည်ဟု ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook