Connect with us

Hi, what are you looking for?

News

အရာ​တော်တွင် စစ်​ကောင်စီတပ်နှင့်ပျူး​စောထီးများစစ်ကြောင်းမိုင်းခွဲတိုက်ခိုက်ခံရ

ARA တပ်ဖွဲ့ဝင်များကမူ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း ထုတ်ပြန်ထားသည်။

အရာတော်မြို့နယ် အရှေ့ပိုင်းမှ ​ဒုံဒစ်ရွာနှင့် ပေါက်ပင်ဆိပ်ရွာကို ဝင်ရောက်မွှေနှောက်ပြီး ပြန်လာသော အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံပျူစောထီးများ၏ ခြေလျင်စစ်ကြောင်းကို ယ​နေ့ ည​နေတွင် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)ကမိုင်းခွဲတိုက်ခိုက်ခဲ့​ကြောင်းARA က ထုတ်ပြန်သည်။

နိုဝင်ဘာ၁၇ ရက် ညနေ(၅)နာရီက ဒုံဒစ်ကျေးရွာအထွက်တွင် ARA မှဗိုလ်ယက္ခတပ်ဖွဲ့ ၊ ဗိုလ်​ရောင်နီတပ်ဖွဲ့နှင့် M.R.T.F တပ်ဖွဲ့တို့ကပူးပေါင်းပြီး အင်အား ၅၀ ခန့်ရှိ​သောစစ်​ကောင်စီတပ်၏ ​ခြေလျင်စစ်​ကြောင်းကိုဒုံကစ်ရွာအထွက်တွင်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖရိုဖရဲဖြစ်သွားကာစစ်သား(၇)ဦးခန့် ဒဏ်ရာပြင်းထန်နိုင်၍ နာ‌ရေးကားဖြင့် လာသယ်သွားသည်ဟု ARA ထုတ်ပြန်ချက်တွင်ပါရှိသည်။ARA တပ်ဖွဲ့ဝင်များကမူ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့​ကြောင်းလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook