Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်​ကောင်စီတပ်က ပျူ​စောထီးများကို လက်နက်အပြင် ယူနီ​ဖောင်းများဝတ်ဆင်​ပေးပြီး ​ရှေ့တန်းပို့ တိုက်ခိုက်ခိုင်း​နေဟု စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ​ပြော

ပျူစောထီးများကို ရှေ့တန်းတွင်ထားရှိကာ မိုင်းရှင်းလင်းခြင်း၊ ကျေးရွာများအား မီးရှို့ခိုင်းခြင်းသည် စစ်ကောင်စီ ၏ ယုတ်မာသည့် စစ်ရေးနည်းဗျူ တစ်မျိုးဖြစ်သည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်နဂါးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ပျူစောထီးများကို လက်နက်သာမက တူညီဝတ်စုံ ယူနီဖောင်များပါ ဝတ် ဆင်ပေးပြီး ရှေ့တန်းတွင် တိုက်ခိုက်ခိုင်း​နေကြောင်း စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

“အရင်တုန်းက ပျူတွေမှာ တူမီးအဆင့်လောက်ပဲရှိတာ။အခု မောင်းပြန်တွေကိုင်လာတဲ့အပြင် ယူနီဖောင်က လဲ စစ်တပ်က ဆင်ပေးထားတဲ့ တူညီဝတ်စုံတွေနဲ့ ရှေ့တန်းရောက်လာကြပြီ”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)မှ ဗိုလ်ပေါက်စီက ပြောသည်။

ပျူစောထီးများကို ရှေ့တန်းတွင်ထားရှိကာ မိုင်းရှင်းလင်းခြင်း၊ ကျေးရွာများအား မီးရှို့ခိုင်းခြင်းသည် စစ်ကောင်စီ ၏ ယုတ်မာသည့် စစ်ရေးနည်းဗျူ တစ်မျိုးဖြစ်သည်ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်မှ ဗိုလ်နဂါးက ဆိုသည်။

“သူတို့က နောက်ဆုံး PDF တွေကို မနိုင်လို့ ပြည်သူအချင်းချင်း လှည့်ခွပ်ခိုင်းတာပေါ့။ပွဲပန်းပြီဆိုမှ သူတို့ အသာလေးဝင်စီးမယ်ဆိုတဲ့ နည်းပေါ့။ကျွန်တော် အရင်က ပြောသလိုပါပဲ စစ်ဆင်ရေးကြီးလို့ နာမည်တပ်ပြီးတော့ အောက်လုံးတွေသုံးပြီးပဲ တိုက်ခိုက်တက်တာ။ရှင်းရှင်းပြောရရင် စစ်တပ်ရဲ့ မြေခွေးစစ်ဆင်ရေးပါပဲ”ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အလားတူ မင်းကင်းနယ်မြေအတွင်း စစ်တပ်၏ အမာခံနယ်မြေအချို့မှလည်း ပျူစောထီးစုဆောင်းမှုများပြားနေသည်ဟုလည်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်သံလုံးက ဆိုသည်။

“သတင်းက ရထားတာ ရက်ပိုင်းလောက်ရှိပြီ။ လက်နက်ရော ၊စားစရိတ်ရော၊ဝတ်စုံတွေပါ ပေးတယ်ဆိုပြီ လိုက်စုစည်းနေတာ။တချို့လည်း ပါသွားတယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီသည် အောက်တိုဘာကစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားကောင်းသော စစ်ကိုင်းတိုင်းကို အထူးစစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်​နေသည်။

ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးစခန်းအချို့နှင့် တပ်ဖွဲ့ဝင်အချို့ ကျဆုံးဖမ်းဆီးခံရမှုရှိသော်လည်း တိုက်ပွဲအများစုတွင်မှု ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံစစ်ကြောင့် စစ်ကောင်စီတပ်များမှာ အထိနာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။