Connect with us

Hi, what are you looking for?

News

သုံ့ပန်းနှင့် စစ်ဖက်အကျဉ်းသားထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက် NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအနေဖြင့် သုံ့ပန်းများ၊ စစ်ဖက်အကျဉ်းသားများအပေါ် လူသားဆန်စွာ ပြုမူဆက်ဆံရမည်ဖြစ်ပြီး လုံလောက်သောအစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

People's Spring
People's Spring

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအနေဖြင့် သုံ့ပန်းနှင့် စစ်ဖက်အကျဉ်းသားများကို လူသားဆန်စွာပြုမူဆက်ဆံရန်အပါအဝင် သုံ့ပန်းများ၊ စစ်ဖက်အကျဉ်းသားများနှင့်ပတ်သက်၍ လိုက်နာ ဆောင်ရွက်ရမည့်လမ်းညွှန်ချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယ​နေ့(နိုဝင်ဘာ ၁၈ရက်) ထုတ်ပြန်သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတော်လှန်ရေးစစ်ပွဲကို ပြည်သူများ၊ တော်လှန်ရေးအင်အားစုများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူ လက်တွဲညီညီ အား သွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ပြည်သူ့ကာကွယ်ရေး အဖွဲ့အစည်းများအနေဖြင့် ဂျီနီဗာသဘောတူညီချက် အပါအဝင် စစ်ဖက်ရေးရာ နိုင်ငံတကာစည်းမျဉ်း၊ ကျင့် ဝတ်များ၊ နှုန်းစံများကို မမှိတ်မသုံလိုက်နာ ဆောင်ရွက်ကြရန်လိုအပ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ချိတ်ဆက် ကွပ်ကဲမှု အောက်တွင်ရှိသော ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ အနေဖြင့် သုံ့ပန်းနှင့်စစ်ဖက် အကျဉ်းသားထိန်းသိမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများအနေဖြင့် သုံ့ပန်းများ၊ စစ်ဖက်အကျဉ်းသားများအပေါ် လူသားဆန်စွာ ပြုမူဆက်ဆံရမည်ဖြစ်ပြီး လုံလောက်သောအစားအစာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် တိုက်ပွဲများ၊ ပဋိပက္ခများနှင့် လွတ်ကင်းရာ ယာယီစခန်းများတွင် ဦးစွာထိန်းသိမ်းထားပြီး သက်ဆိုင် ရာ စစ်ဒေသများသို့ လွှဲပြောင်းအပ်နှံရမည်ဖြစ်ကြောင်း၊ တိုက်ပွဲအခြေအနေကြောင့် စခန်းရွှေ့ပြောင်းခဲ့ရသည်ရှိသော် အကျဉ်းသားအား တစ်ပါတည်းခေါ်ဆောင်နိုင်ရန် စီစဉ်ထားရှိရမည်ဟု လမ်းညွှန်ထားသည်။

ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် ညှင်းပန်းခြင်း၊ ခြိမ်းခြောက်ခြင်းများကို ရှောင်ကျဉ်ရမည်ဟု တားမြစ်ထားပြီး ကနဦးမေးမြန်းစစ်ဆေးမှုကို တာဝန်ရှိသူမှ စစ်မေးနိုင်ပြီး အထက်ကွပ်ကဲမှုအဆင့်ဆင့်သို့ အချိန်နှင့်တပြေးညီ တင်ပြအစီရင်ခံရမည်ဟု ဖော်ပြထားသည်။

ဒဏ်ရာကြောင့်သော်လည်းကောင်း၊ ရောဂါဘယကြောင့်သော်လည်းကောင်း၊ အခြား မျှော်လင့်မထားသော ကိစ္စတစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း ဆုံးပါးသွားခဲ့ပါက ကောင်းမွန်စွာ မြုပ်နှံသင်္ဂြိုလ်ပေးရမည် ဖြစ်ပြီး အကျဉ်းသားပိုင်ဆိုင်သည့်အရာများကို စနစ်တကျမှတ်တမ်းတင် သိမ်းဆည်းအပ်နှံ စေရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ICRC သို့ ဆက်သွယ်သတင်းပေးပို့နိုင်ရေးအတွက် အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို စုစည်း၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု သံသယရှိသူများ၊တာဝန်ရှိသူများကို အချက်အလက်များ နှင့်တကွ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်အပ်နှင်းသော စစ်ရာဇဝတ်မှုစိစစ်ရေးဗျူရို (ကော်မတီ) သို့လွှဲပြောင်း ရမည်ဟု ဖော်ပြထားသည်။

တိုက်ပွဲ၊ ပဋိပက္ခများပြီးဆုံးသောအခါ သုံ့ပန်းနှင့် စစ်ဖက်အကျဉ်းသားများအား စိစစ်၍ ပြန်လည် လွှတ်ပေးရမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းများ ညှိနှိုင်းကွပ်ကဲရေး ဗဟိုကော်မတီက ထုတ်ပြန်သည်။

သုံ့ပန်းနှင့်စစ်ဖက်အကျဉ်းသား ဟူသောစကားရပ်တွင် ပြည်သူ့ခုခံတော်လှန်ရေး ကာလအတွင်း ဒဏ်ရာအနာ တရနှင့်သော်လည်းကောင်း၊ အသက်ရှင်ကျန်လျက်သော် လည်းကောင်း၊ ဖမ်းဆီးရမိသော၊ လက်နက်ချ အလင်း ဝင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ သီးခြားတာဝန်ပေးအပ် ထားသော တပ်ဖွဲ့ဝင်များ၊ အကြမ်းဖက်စစ်ကောင်စီ၏ အမိန့်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် များ၊ သီးခြား တာဝန်ပေးထားသောတပ်ဖွဲ့ဝင်များ၊ အကြမ်းဖက်စစ်ကောင်စီ၏ အမိန့်အောက်တွင် တာဝန်ထမ်းဆောင်နေသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များ ပါဝင်သည်။

သုံ့ပန်းနှင့်စစ်ဖက်အကျဉ်းသား ဟူသောစကားရပ်တွင် မိမိတို့ဆန္ဒအလျောက် ပြည်သူ့ရင်ခွင် ခိုလှုံသော စစ်ဖက်၊ ရဲဖက် လုံခြုံရေးတပ်ဖွဲ့ဝင်များ မပါဝင်စေရဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook