Connect with us

Hi, what are you looking for?

News

တရုတ် − အာဆီယံ ထိပ်သီးအစည်းအဝေး မှာ စစ်ခေါင်းဆောင်တက်ခွင့်ရဖို့ တရုတ်ကြိုးပမ်းနေ

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေတက်ရောက်မယ့် ဒီအစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၂၂ ရက်မှာကျင်းပမှာပါတယ်။

PHOTO − AP

မကြာခင်ရက်ပိုင်းမှာ ကျင်းပမယ့် တရုတ် − အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စစ်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပြုဖို့ တရုတ်ဘက်က ကြိုးပမ်းနေပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေတက်ရောက်မယ့် ဒီအစည်းအဝေးကို လာမယ့် နိုဝင်ဘာလ ၂၂ ရက်မှာကျင်းပမှာပါတယ်။

အဲဒီထိပ်သီးအစည်းအဝေးမှာ စစ်ခေါင်းဆောင် ကို အာဆီယံနိုင်ငံအဖွဲ့ဝင်နိုင်ငံတွေက တက်ရောက်ခွင့်ပြုဖို့ တရုတ်သံကိုယ်စားလှယ်က ကြိုးပမ်းနေတယ်လို့သိရပါတယ်။

ဒါပေမယ့် သံတမန်တွေနဲ့ နိုင်ငံရေးဘက်က သတင်းရင်းမြစ်တွေ ဆီက သိရတာကတော့ အင်ဒိုနီးရှား ၊ ဘရူးနိုင်း ၊မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေဟာ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်တားမြစ်ထားလိုတယ်လို့ ရိုက်တာသတင်းဌာနက ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

တရုတ် − အာဆီယံ ထိပ်သီးအစည်းအဝေးမစတင်မီ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ တရုတ်အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်းဟာ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။