Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် က​လေးတွင်အိမ်၁၀လုံးမီးရှို့ခဲ့မှုမှတ်တမ်းများသက်​သေယူထားကြရန်တိုင်းအမတ်တိုက်တွန်း

အလားတူ ကလေးမြို့အပြင် ​ဒေသချင်းထိစပ်နေသော ယောဒေသ(ဂန့်​ဂေါ်မြို့နယ်)တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၍ လတ်တလောတွင် ဒေသတွင်း ခရီးသွားလာခြင်းမပြုလုပ်ကြရန် ယောနှင့် ကလေး ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြည်သူလူထုအား ယနေ့ထုတ်ပြန်သတိ့​ပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က က​လေးမြို့နယ်တွင် ပြည်သူများ၏နေအိမ်များကို မီးရှို့ခဲ့သောကြောင့် နေအိမ်ဆယ်လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ စစ်ရာဇဝတ်မှုကျူးလွန်မှုမှတ်တမ်းများကို သက်သေယူထားကြရန်​ဒေသခံပြည်သူများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းသည်။

စစ်ကိုင်းတိုင်း​ဒေသကြီးကလေးမြို့တွင်ယမန်နေ့ (နိုဝင်ဘာလ၁၈ရက်)တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကလေးPDF က မိုင်းဆွဲတိုက်ခိုက်သဖြင့် စစ်​ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ ဦး​သေဆုံးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ချင်းဆိုင်ရွာမှ​ဒေသခံပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

” အကြမ်းဖက်စကစဟာ ချင်းဆိုင်ရွာက အိမ် ၁၀ လုံးကိုမီးရှို့ခဲ့ပါတယ်။စစ်ရာဇဝတ်မှုကျူးလွန်မှုမှတ်တမ်းတွေအဖြစ် ပြည်သူများ သက်သေရယူထားကြပါ” ဟု
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်သန့်ဝေကျော်က လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းထားသည်။ ဒေါ်သန့်ဝေကျော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုကာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားသူဖြစ်သည်။

ကလေးမြို့နယ်PDF တပ်ရင်း( ၃) တပ်ခွဲ (၃) မှ ​အမျိုးသမီးသူနာပြု ၁၀ ဦးအပါအဝင် တပ်ဖွဲ့ဝင်၁၂ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် ဖမ်းဆီးထားသူများကိုကယ်တင်နိုင်ရန် က​လေးPDF ကအရှိန်မြှင့်တိုက်ခိုက်​နေကာ ၊တိုက်ပွဲများ ပြင်းထန်နေသည်။နိုဝင်ဘာ ၁၈ရက်တွင် အကူလာသည့်စစ်ကောင်စီတပ်ယာဥ်တန်းအား ချင်းဆိုင်ရွာနှင့်ဇင်းကလင်းရွာကြားတွင် က​လေးPDFက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဗိုလ်တစ်ဦးအပါအဝင် ၁၅ ဦးခန့် သေဆုံးခဲ့သည်။က​လေးPDFမှဖမ်းဆီးခံထားရသူ ၁၂ဦးအနက် အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ကနှိပ်စက်သတ်​ဖြတ်ခဲ့​သော ရုပ်အ​လောင်းကို ​တွေ့ရှိရ​ကြောင်း Kalay PDFကယမန်​နေ့ကထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ဖမ်းဆီးခံထားရသူ အမျိုးသမီးသူနာပြု ၉ ဦးကို စစ်​ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြု​နေသဖြင့် ​၎င်းတို့ထိ့ခိုက်မှုမဖြစ်​စေရန် ​​နေရာအချို့တွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက ​နောက်ဆုတ်​ပေးထားသည်။သို့​သော် အချိန်မ​ရွေးတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနိုင်​သောအ​ခြေအ​နေဖြစ်သည်။

အလားတူ ကလေးမြို့အပြင် ​ဒေသချင်းထိစပ်နေသော ယောဒေသ(ဂန့်​ဂေါ်မြို့နယ်)တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၍ လတ်တလောတွင် ဒေသတွင်း ခရီးသွားလာခြင်းမပြုလုပ်ကြရန် ယောနှင့် ကလေး ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြည်သူလူထုအား ယနေ့ထုတ်ပြန်သတိ့​ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။