Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ပတ်သက်ပြီး အဂတိနဲ့စွဲဆိုထားတဲ့အမှုစစ်ဆေး

အဲဒီနောက် တရားခွင်ကို မနက် ၁၀ နာရီခွဲမှာ စတင်ရာမှာတော့ တရားလိုသက်သေအဖြစ် နေပြည်တော်ဖွံ့ဖြိုးရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကိုကြားနာစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

People's Spring
People's Spring

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ပတ်သက်ပြီး အဂတိပုဒ်မနဲ့ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့အမှု ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

ဒီအမှုမှာစွပ်စွဲခံရသူတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ၊ နေပြည်တော် ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး ၊နေပြည်တော်ကောင်စီဝင် ဦးမင်းသူ တို့ နဲ့တရားခွင်မစတင်မီ မနက် ၉ နာရီ ခွဲမှာ ရှေ့နေတွေဟာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အဲဒီနောက် တရားခွင်ကို မနက် ၁၀ နာရီခွဲမှာ စတင်ရာမှာတော့ တရားလိုသက်သေအဖြစ် နေပြည်တော်ဖွံ့ဖြိုးရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကိုကြားနာစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဒီကြားနာစစ်ဆေးမှုဟာ ဒီနေ့ ရုံးချိန်းတစ်ချိန်းလုံးနီးပါးကြာမြင့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်တော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ နဲ့ပတ်သက်ပြီး အာဏာအလွဲသုံးစားလုပ်တယ်ဆိုကာ ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာမျိုးအောင် ၊ ဦးရဲမင်းဦး ၊ ဦးမင်းသူ တို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မ နဲ့ စစ်ကောင်စီဟာစွဲဆိုထားတာပဲဖြစ်ပါတယ်။

စစ်တပ်ဟာ မတရားအာဏာသိမ်းပြီးတဲ့နောက် NLD ပါတီရုံးတွေကိုဝင်စီးတာ ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဝင်ရောက်ရှာဖွေတာကို ပြုလုပ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံတကာ

အဲဒီ အရာရှိတွေက လူသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲချင်သူတွေဆီက လာဘ်ငွေယူတာ၊ ပြည်ပကို ထွက်ခွာနိုင်အောင် စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

သတင်း

ကမ္ဘာတစ်ဝန်း နိုင်ငံ​ပေါင်း ၁၈၀ ကို အကဲဖြတ်ရာမှာ​​နောက်ဆုံးက​​ရေတွက်ရင် အဂတလိုက်စားဆုံးနိုင်ငံတွထဲမှာ အဆင့် ၂၁ မှာ ရပ်တည်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

Trace Internationalရဲ့ ဥက္ကဋ္ဌဖြစ်သူ အလက်ဇန္ဒား ဝရာဂီက မနှစ်ကထက်စာရင် မြောက်ကိုရီးယားမှာ အခြေအနေတချို့ တိုးတက်လာတယ် ဆိုပေမယ့် အတိုင်းအတာ ပမာဏကတော့ အရမ်း သေးငယ်နေဆဲပဲလို့ မှတ်ချက် ပေးခဲ့ပါတယ်။