Connect with us

Hi, what are you looking for?

News

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ပတ်သက်ပြီး အဂတိနဲ့စွဲဆိုထားတဲ့အမှုစစ်ဆေး

အဲဒီနောက် တရားခွင်ကို မနက် ၁၀ နာရီခွဲမှာ စတင်ရာမှာတော့ တရားလိုသက်သေအဖြစ် နေပြည်တော်ဖွံ့ဖြိုးရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကိုကြားနာစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

People's Spring
People's Spring

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာနဲ့ပတ်သက်ပြီး အဂတိပုဒ်မနဲ့ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို စွဲဆိုထားတဲ့အမှု ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

ဒီအမှုမှာစွပ်စွဲခံရသူတွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ၊ နေပြည်တော် ဒုတိယ မြို့တော်ဝန် ဦးရဲမင်းဦး ၊နေပြည်တော်ကောင်စီဝင် ဦးမင်းသူ တို့ နဲ့တရားခွင်မစတင်မီ မနက် ၉ နာရီ ခွဲမှာ ရှေ့နေတွေဟာ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

အဲဒီနောက် တရားခွင်ကို မနက် ၁၀ နာရီခွဲမှာ စတင်ရာမှာတော့ တရားလိုသက်သေအဖြစ် နေပြည်တော်ဖွံ့ဖြိုးရေးကော်မတီ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကိုကြားနာစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

ဒီကြားနာစစ်ဆေးမှုဟာ ဒီနေ့ ရုံးချိန်းတစ်ချိန်းလုံးနီးပါးကြာမြင့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်တော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ နဲ့ပတ်သက်ပြီး အာဏာအလွဲသုံးစားလုပ်တယ်ဆိုကာ ဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာမျိုးအောင် ၊ ဦးရဲမင်းဦး ၊ ဦးမင်းသူ တို့ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မ နဲ့ စစ်ကောင်စီဟာစွဲဆိုထားတာပဲဖြစ်ပါတယ်။

စစ်တပ်ဟာ မတရားအာဏာသိမ်းပြီးတဲ့နောက် NLD ပါတီရုံးတွေကိုဝင်စီးတာ ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဝင်ရောက်ရှာဖွေတာကို ပြုလုပ်ခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စပိန် ဝန်ကြီးချုပ်ရဲ့ ဇနီးဟာ အဂတိ စွပ်စွဲချက်တွေအတွက် တရားရင်ဆိုင်ရမှာ ဖြစ်သလို ပြည်ပ ထွက်ခွာခွင့်လည်း ပိတ်ပင် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

ဥပဒေတစ်ရပ်ကို ပြင်ဆင်ဖို့ အဆိုပြု တောင်းဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ထိုင်းဥပဒေပြု အမတ်ဟောင်း ၄၄ ဦးဟာ ကြီးမားတဲ့ ကျင့်ဝတ် ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့ ထိုင်းအမျိုးသား အဂတိ တိုက်ဖျက်ရေး ကော်မရှင် (NACC)က ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အဂတိ ကိစ္စနဲ့ ဆက်စပ်ပြီး နေအိမ်ကို စီးနင်းရှာဖွေ ခံခဲ့ရတဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ရုံးအဖွဲ့ အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

သတင်း

မိုးကုတ်မြို့မှ လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)ရုံးကို စစ်ကောင်စီက မန္တလေးမြို့၌ ယာယီဖွင့်လှစ်ထားပြီး ပွဲစားများကြားခံထားကာ မှတ်ပုံတင်တစ်ခုလျှင် ကျပ်လေးသိန်းထက်မနည်းယူ၍ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။