Connect with us

Hi, what are you looking for?

News

လှိုင်သာယာ ​သောင်ကြီးရဲစခန်း ရဲများစုဝေးချိန် ဗုံးသီးပစ်တိုက်ခိုက်ခံရ

ယနေ့(နိုဝင်ဘာ ၂၀)နံနက် ၇ နာရီ ၄၀ အချိန် သောင်ကြီးရဲစခန်း အလံတိုင်ရှေ့ စုဝေးနေသောရဲများအား M79 Grenade launcher ဖြင့် 40 mm ဗုံးသီးတစ်လုံး ပစ်ခတ်ခဲ့ရာ ရဲများထိခိုက်သေဆုံးနိုင်ခြေရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

–စုဝေးအလေးပြုနေသော ရဲများထိခိုက်သေဆုံးနိုင်

လှိုင်သာယာမြို့နယ်ရှိ သောင်ကြီးရဲစခန်း အလံတိုင်ရှေ့ ရဲများစုဝေးအလေးပြုနေချိန် ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လှိုင်သာယာမြို့ပြပြောက်ကျား တပ်ဖွဲ့(CGF-HTY)က ထုတ်ပြန်သည်။

ယနေ့(နိုဝင်ဘာ ၂၀)နံနက် ၇ နာရီ ၄၀ အချိန် သောင်ကြီးရဲစခန်း အလံတိုင်ရှေ့ စုဝေးနေသောရဲများအား M79 Grenade launcher ဖြင့် 40 mm ဗုံးသီးတစ်လုံး ပစ်ခတ်ခဲ့ရာ ရဲများထိခိုက်သေဆုံးနိုင်ခြေရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အခင်းဖြစ်ပွားရာ သောင်ကြီးရဲစခန်းသို့ စစ်ကူလာသော စစ်ကောင်စီတပ်များအား အဝေးထိန်း ဗုံးလေးလုံးဖြင့် ဆက်လက်တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း စစ်တပ်၏ ဂျန်ပါ(မိုဘိုင်းချိတ်ဆက်မှု ဖြတ်တောက်စက်)များ မိသွားသောကြောင့် ရည်ရွယ်ချက်ပျက်ပြယ်ခဲ့ရသည်ဟုလည်း CGF-HTY က ရှင်းပြထားသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအားပူးတွဲလုပ်ဆောင်ခဲ့သော CGF – HTY နှင့် Spring Revolution Flames(SRF) တို့မှ မဟူရာစစ်ဆင်ရေးအဖြစ် သတ်မှတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် မဟူရာစစ်ဆင်ရေးကဲ့သို့ နောက်ပိုင်း Mission များတွင်လည်း တော်လှန်ရေးအရှိန် တဆင့်ထပ်တိုးပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း လှိုင်သာယာတော်လှန်ရေးမဟာမိတ်များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီ နေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

Facebook