Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးမှာ ကား နဲ့ ဆိုင်ကယ်တွေစစ်ဆေးနေပြီး စကစတပ်ဖွဲ့ဝင်တွေ ဒဏ်ငွေဆောင်ခိုင်းနေ

“ဆိုင်ကယ်ဦးထုပ်မဆောင်လို့ ဒဏ်ငွေ သုံးသောင်းတစ်ခါတည်းဖြတ်ယူလိုက်တာဈ အရင်လိုညှိလို့ကိုမရဘူး။ ထွေအုပ်က ပိုက်ဆံတစ်ခါတည်းကောက်တာ”လို့ မဟာအောင်မြေမြို့နယ်တွင် ဒဏ်ကြေးပေးဆောင်ရသူတစ်ဦးကပြောပါတယ်။

(ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းက မန္တလေးမှာ ဆိုင်ကယ်စီးနင်းသူပြည်သူတွေကို တွေ့ရစဉ်)

မန္တလေးမြို့ရှိ နေရာအနှံ့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်း၊ ရဲ၊ စစ်သားနဲ့ ထွေအုပ်တို့အဖွဲ့ပေါင်းစုံက ကား၊ဆိုင်ကယ်တွေ စစ်ဆေးနေပါတယ်။

ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုပ်ပါမပါ ကို စစ်ဆေးကာ ချက်ချင်းဒဏ်ငွေပေးဆောင်နေရတယ်လို့ ကိုယ်တွေ့ကြုံရသူများကပြောပါတယ်။

“ဆိုင်ကယ်ဦးထုပ်မဆောင်လို့ ဒဏ်ငွေ သုံးသောင်းတစ်ခါတည်းဖြတ်ယူလိုက်တာဈ အရင်လိုညှိလို့ကိုမရဘူး။ ထွေအုပ်က ပိုက်ဆံတစ်ခါတည်းကောက်တာ”လို့ မဟာအောင်မြေမြို့နယ်တွင် ဒဏ်ကြေးပေးဆောင်ရသူတစ်ဦးကပြောပါတယ်။

စစ်ဆေးဖမ်းဆီးမှုကို မနေ့က နိုဝင်ဘာ ၂၀ရက်ကတည်းက စတင်လုပ်ဆောင်နေတာပါ။

Public Service Announcement

Public Service Announcement

ဒီကနေ့ နံနက်ပိုင်းမှာတော့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းအနီး၊ ၇၈လမ်း ကျန်စစ်သားလမ်း၊ ၆၂လမ်းနဲ့ ၃၇လမ်း၊ ၂၆လမ်း ၅၂လမ်းနဲ့ ၅၃လမ်းကြား၊ ရန်ကုန် -မန္တလေးကားလမ်း ၁၁၇လမ်း၊ပုသိမ်ကြီး မီးသတ်ရုံးရှေ့တို့မှာ စစ်ဆေးနေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။

ဆောင်းပါး

စစ်ကောင်စီအသက်သွင်းလိုက်သည့် စစ်မှုထမ်းဥပဒေသည် နိုင်ငံတွင်းရှိ ယောင်ဝါးဝါးနေနေသော ပြည်သူအချို့အား ဘက်တစ်ဘက်၌ ခြေစုံချရပ်ရန် သတိပေးလိုက်ခြင်းပင်ဖြစ်သည်ဟုပြည်သူများက​ပြောသည်။

သတင်း

အောင်မြေသာဇံမြို့နယ်ရှိ Black Panther မှန်မကွဲအရောင်းဆိုင်၌ မီးလောင်မှုဖြစ်ခဲ့ရာ ၃နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။