မန္တလေးမြို့ရှိ နေရာအနှံ့မှာ စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်း၊ ရဲ၊ စစ်သားနဲ့ ထွေအုပ်တို့အဖွဲ့ပေါင်းစုံက ကား၊ဆိုင်ကယ်တွေ စစ်ဆေးနေပါတယ်။
ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်ဦးထုပ်ပါမပါ ကို စစ်ဆေးကာ ချက်ချင်းဒဏ်ငွေပေးဆောင်နေရတယ်လို့ ကိုယ်တွေ့ကြုံရသူများကပြောပါတယ်။
“ဆိုင်ကယ်ဦးထုပ်မဆောင်လို့ ဒဏ်ငွေ သုံးသောင်းတစ်ခါတည်းဖြတ်ယူလိုက်တာဈ အရင်လိုညှိလို့ကိုမရဘူး။ ထွေအုပ်က ပိုက်ဆံတစ်ခါတည်းကောက်တာ”လို့ မဟာအောင်မြေမြို့နယ်တွင် ဒဏ်ကြေးပေးဆောင်ရသူတစ်ဦးကပြောပါတယ်။
စစ်ဆေးဖမ်းဆီးမှုကို မနေ့က နိုဝင်ဘာ ၂၀ရက်ကတည်းက စတင်လုပ်ဆောင်နေတာပါ။

Public Service Announcement
ဒီကနေ့ နံနက်ပိုင်းမှာတော့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်းအနီး၊ ၇၈လမ်း ကျန်စစ်သားလမ်း၊ ၆၂လမ်းနဲ့ ၃၇လမ်း၊ ၂၆လမ်း ၅၂လမ်းနဲ့ ၅၃လမ်းကြား၊ ရန်ကုန် -မန္တလေးကားလမ်း ၁၁၇လမ်း၊ပုသိမ်ကြီး မီးသတ်ရုံးရှေ့တို့မှာ စစ်ဆေးနေတယ်လို့သိရပါတယ်။


















































