Connect with us

Hi, what are you looking for?

News

NUG ငွေတိုက်စာချုပ် နှစ်နာရီ အတွင်းဒေါ်လာနှစ်သန်းဖိုး​ရောင်းရ

ဗွေဆော်ဦး တိုက်စစ်ပထမဆုံး ၂နာရီမှာ ၁နာရီ ​ဒေါ်လာတစ်သန်းနှုန်းနဲ့ ဖွင့်လိုက်ပြီ” ဟု အမျိုးသားညီညွတ်​ရေးအစိုးရ ၊စီမံကိန်း၊ဘဏ္ဍာ​ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ၊ပြည်​ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က​ပြောသည်။

“”ဗွေဆော်ဦး တိုက်စစ်ပထမဆုံး ၂နာရီမှာ၁နာရီ ​ဒေါ်လာတစ်သန်းနှုန်းနဲ့ ဖွင့်လိုက်ပြီ”

-ဦးတင်ထွန်းနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ငွေတိုက်စာချုပ်များကို အွန်လိုင်းမှတစ်ဆင့်ယ​နေ့မွန်းလွဲ၂ နာရီတွင် စတင်​ရောင်းချရာ နှစ်နာရီအတွင်း ​ဒေါ် လာ နှစ်သန်းဖိုး​ရောင်းချရ​ကြောင်း NUG အစိုးရမှတာဝန်ရှိသူက​ပြောသည်။

​ငွေတိုက်စာချုပ်များကို ပြည်တွင်း၊ပြည်ပမှ မြန်မာပြည်သူများက ဝယ်ယူရန်စိတ်ဝင်စားသူများ​နေပြီး စတင်​ရောင်းချသည်နှင့်တစ်နာရီ ​ဒေါ်လာတစ်သန်းဖိုး​ရောင်းချရ​ခြင်းဖြစ်ကြောင်းသိ့ရသည်။ ​ငွေတိုက်စာချုပ်များကို ယ​နေ့မွန်းလွဲ ၂ နာရီမှစတင်​ရောင်းချပြီး နှစ်နာရီအတွင်း ​ဒေါ်လာ နှစ်သန်းဖို့း​ရောင်းရပြီး အဖွင့်လှခဲ့ခြင်းဖြစ်​ကြောင်း အဆိုပါတာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

“ဗွေဆော်ဦး တိုက်စစ်ပထမဆုံး ၂နာရီမှာ ၁နာရီ ​ဒေါ်လာတစ်သန်းနှုန်းနဲ့ ဖွင့်လိုက်ပြီ” ဟု အမျိုးသားညီညွတ်​ရေးအစိုးရ ၊စီမံကိန်း၊ဘဏ္ဍာ​ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန ၊ပြည်​ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က​ပြောသည်။

NUG ရဲ့ ငွေတိုက်စာချုပ်တွေကို ဒီနေ့(နိုဝင်ဘာ ၂၂ ရက်)မနက် ၉ နာရီစတင်ရောင်းချပေးဖို့စီစဥ်ခဲ့တာမှာ မနက်အ​စောပိုင်းကတည်းကဝင်ရောက်ကြည့်ရှုသူများပြား
လွန်တာကြောင့် နာရီအနည်းငယ်ကြာဝင်​ရောက်ကြည့်ရှုမရဖြစ်ခဲ့သည်။လုံခြုံ​ရေးအဆင့်မြှင့်ပြီး နည်းပညာပိုင်းပြင်ဆင်ပြီးနောက်မွန်းလွဲ နှစ်နာရီ စတင်​ရောင်းချရာနိုင်ခဲ့ခြင်းဖြစ်သည်။

​ငွေတိုက်စာချုပ်များကို ဝယ်ယူသူများ ၏ကိုယ်ရေးအချက်အလက်များကို အထူးလုံခြုံတဲ့နည်းပညာနှင့်အာမခံချက်ပေးထားခြင်းကြောင့် ယုံယုံကြည်ကြည်ပူးပေါင်းဆောင်ရွက်ကြရန် NUG ကတိုက်တွန်းထားသည်။တော်လှန်ရေးအောင်စိတ်နှင့် အင်တာနက်စာမျက်နှာ
(https://www.unitedbonds-nug.org/)ကတဆင့် လေ့လာကြည့်ရှုဝယ်ယူနိုင်​ကြောင်းစီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှူဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဒေါ်လာ ၁၀၀, ၅၀၀ , ၁၀၀၀ နှင့် ၅၀၀၀တန် ငွေတိုက်စာချုပ်များကို နိုဝင်ဘာ ၂၂ရက်တွင်ရောင်းချမည်ဟု ကြေငြာခဲ့ပြီးနောက် ဝယ်ယူသူများက နိုဝင်ဘာ ၂၁ရက်
ညကတည်းပင် ဝယ်ယူရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။

“ဝယ်မဲ့သူတွေကညမအိပ်ပဲမနက်၉နာရီအထိထိုင်များစောင့်နေကြတာလား မသိဘူး။ ကိုယ်ကလည်း အရင်ဆုံးဝယ်သူဖြစ်အောင်စောင့်နေတာ ”ဟု ငွေတိုက်စာချုပ်ဝယ်ယူရန်စောင့်နေသူတစ်ဦးကပြောသည်။

ငွေတိုက်စာချုပ်ဝယ်ယူလိုသူများသည် https://www.unitedbonds-nug.org/
ဝပ်ဆိုဒ်က တဆင့် ပုံစံ(က)ကိုဖြည့်သွင်းရမည်ဖြစ်သည်။ ဖြည့်သွင်းပြီးပါက NUGဘက်မှ ဘဏ်စာရင်းတစ်ခုနှင့် ID ကုတ်တစ်ခုကိုပြန်လည်ပေးလာမည်ဖြစ်သည်။ ထိုနောက် NUGက ပြန့်ပို့လာသည့် နိုင်ငံခြား ဘဏ်စာရင်းကို IDနံပတ်ဖြင့် ငွေပေးသွင်းရမည်ဖြစ်သည်။ ထိုငွေသွင်းပြီးကြောင်း ပြေစာကို NUG၏ အီးမေးလ်ကို ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး ၁၄ ရက်အတွင်း NUGက ငွေတိုက်လက်မှတ်ကို ပြန်လည်ရရှိမည်ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ဘတ်ဂျတ်အတွက် ငွေတိုက်စာချုပ် ဒေါ်လာတစ်ဘီလီယံဖိုးကို ထုတ်ရောင်း NUGက စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုငွေတိုက်စာချုပ်များသည် သက်တမ်းနှစ်နှစ်နှင့် အတိုးမဲ့ငွေတိုက်စာချုပ်များဖြစ်သည်။ ငွေတိုက်စာချုပ်များသည် နှစ်နှစ်အတွင်း ပြန်လည်ရောင်းချခွင့်ရမည်မဟုတ်ပေ။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook