Connect with us

Hi, what are you looking for?

News

NUG ငွေတိုက်စာချုပ် သုံးနာရီ အတွင်းဒေါ်လာသုံးသန်းဖိုး​ရောင်းရ

​ငွေတိုက်စာချုပ်များကို ပြည်တွင်း၊ပြည်ပမှ မြန်မာပြည်သူများက ဝယ်ယူရန်စိတ်ဝင်စားသူများ​နေပြီး စတင်​ရောင်းချသည့် သုံးနာရီအတွင်း တစ်နာရီ ​ဒေါ်လာတစ်သန်းဖိုး​နှုန်းရောင်းချရ​ခြင်းဖြစ်ကြောင်းသိ့ရသည်။ ​

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ငွေတိုက်စာချုပ်များကို အွန်လိုင်းမှတစ်ဆင့်ယ​နေ့မွန်းလွဲ ၂ နာရီမှ စတင်​ရောင်းချရာ သုံးနာရီအတွင်း ​ဒေါ် လာ သုံးသန်းဖိုး​ရောင်းချရ​ကြောင်း NUG အစိုးရမှတာဝန်ရှိသူက​ပြောသည်။

​ငွေတိုက်စာချုပ်များကို ပြည်တွင်း၊ပြည်ပမှ မြန်မာပြည်သူများက ဝယ်ယူရန်စိတ်ဝင်စားသူများ​နေပြီး စတင်​ရောင်းချသည့် သုံးနာရီအတွင်း တစ်နာရီ ​ဒေါ်လာတစ်သန်းဖိုး​နှုန်းရောင်းချရ​ခြင်းဖြစ်ကြောင်းသိ့ရသည်။ ​

“ဗွေဆော်ဦး တိုက်စစ်ပထမဆုံး ၂နာရီမှာ ၁နာရီ ​ဒေါ်လာတစ်သန်းနှုန်းနဲ့ ဖွင့်လိုက်ပြီ” ဟုအမျိုးသားညီညွတ်​ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာ​ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဝန်ကြီးဌာန၊ ပြည်​ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က​ပြောသည်။ ည​နေ ၄ နာရီမှ ၅ နာရီအတွင်း တွင်လည်း ​ဒေါ်လာ တစ်သန်းဖိုး​​ထပ်မံ​ရောင်းရခြင်းဖြစ်သည်။

ငွေတိုက်စာချုပ်ဝယ်ယူလိုသူများသည် https://www.unitedbonds-nug.org/
ဝပ်ဆိုဒ်က တဆင့် ပုံစံ(က)ကိုဖြည့်သွင်းရမည်ဖြစ်သည်။ ဖြည့်သွင်းပြီးပါက NUGဘက်မှ ဘဏ်စာရင်းတစ်ခုနှင့် ID ကုတ်တစ်ခုကိုပြန်လည်ပေးလာမည်ဖြစ်သည်။ ထိုနောက် NUGက ပြန့်ပို့လာသည့် နိုင်ငံခြား ဘဏ်စာရင်းကို IDနံပတ်ဖြင့် ငွေပေးသွင်းရမည်ဖြစ်သည်။ ထိုငွေသွင်းပြီးကြောင်း ပြေစာကို NUG၏ အီးမေးလ်ကို ပြန်လည်ပေးပို့ရမည်ဖြစ်ပြီး ၁၄ ရက်အတွင်း NUGက ငွေတိုက်လက်မှတ်ကို ပြန်လည်ရရှိမည်ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ဘတ်ဂျတ်အတွက် ငွေတိုက်စာချုပ် ဒေါ်လာတစ်ဘီလီယံဖိုးကို ထုတ်ရောင်း NUGက စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုငွေတိုက်စာချုပ်များသည် သက်တမ်းနှစ်နှစ်နှင့် အတိုးမဲ့ငွေတိုက်စာချုပ်များဖြစ်သည်။ ငွေတိုက်စာချုပ်များသည် နှစ်နှစ်အတွင်း ပြန်လည်ရောင်းချခွင့်ရမည်မဟုတ်ပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook