Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ လက်အောက်ခံ BGF စီးနင်းဖျက်ဆီးခဲ့သည့် ဖလံတောင်တိုက်နယ်ဆေးရုံ အပျက်အစီးများ KNU ထုတ်ပြန်

ယနေ့ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ပြတင်းပေါက်များသာမက ဆေးရုံအတွင်းရှိ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် ဆေးရုံတွင်းရှိ ပစ္စည်းများ ဖရိုဖရဲ ပြန့်ကြဲနေသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF) တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းပြီး ဖျက်ဆီးခဲ့သည့် ဖလံတောင် တိုက်နယ်ဆေးရုံ အပျက်အစီး ဓာတ်ပုံများကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်က BGF တပ်ဖွဲ့များသည် ဘားအံမြို့နယ် ဖလံတောင်ကျေးရွာရှိ ၁၆ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ဝင်ရောက် စီးနင်းကာ ဆေးရုံမှ ဆေးဝါးပစ္စည်းမျး၊ လူနာအသုံးအဆောင် ပစ္စည်းများ သိမ်းယူကာ ဆေးရုံ၌ တပ်စွဲထားကြောင်း KNUက ထုတ်ပြန်ထားသည်။ BGFတပ်များ ဝင်စီး၍ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများ တိမ်းရှောင်ခဲ့ရကြောင်း၊ ထို့ပြင် ဆေးရုံ ပြတင်းပေါက်နှင့် မှန်တံခါးများကို ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

ယနေ့ ထုတ်ပြန်သည့် ဓာတ်ပုံများတွင် ပြတင်းပေါက်များသာမက ဆေးရုံအတွင်းရှိ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် ဆေးရုံတွင်းရှိ ပစ္စည်းများ ဖရိုဖရဲ ပြန့်ကြဲနေသည်ကို တွေ့ရသည်။

ထို့ပြင် “ CDM မဟုတ် မပြေးနဲ့ ဒေါက်တာ” ဟု ရေးသားထးသည်ကိုလည်း တွေ့ရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ BGFတို့သည် KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများလည်း ပြုလုပ်နေကြောင်း KNUက ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ရေးလှုပ်ရှားမှုများကြောင့် KNU နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။