Connect with us

Hi, what are you looking for?

News

တောင်ကိုရီးယားစစ်အာဏာရှင် သမ္မတဟောင်း ချန်ဒူးဝမ်ကွယ်လွန်

ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ်ဟာ တောင်ကိုရီးယားမှာ ၁၉၇၉ ခုနှစ်ကအာဏာသိမ်းပြီး တောင်ကိုရီးယားရဲ့ ၁၁ ဦးမြောက် သမ္မတဖြစ်လာသူပါ။

-သမ္မတ ချန်ဒူးဝမ်ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြောက်ကိုရီးယားအေဂျင့်တွေရဲ့လုပ်ကြံမှုကနေ လွတ်မြောက်ခဲ့သူဖြစ်

တောင်ကိုရီးယား စစ်အာဏာရှင် သမ္မတဟောင်း ချန်ဒူးဝမ်ဟာ ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်မှာ ကွယ်လွန်သွားပြီလို့တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြကြပါတယ်။

ချန်ဒူးဝမ်ဟာ တောင်ကိုရီးယား သမ္မတအဖြစ် မြန်မာနိုင်ငံကို ၁၉၈၃ ခုနှစ်က လာရောက်ချိန်မှာ မြောက်ကိုရီးယားအေဂျင့်တွေရဲ့ လုပ်ကြံမှုကိုကြုံခဲ့ရပေမယ့်အသက်ဘေးက လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။

ဒီနေ့ ကွယ်လွန်ချိန်မှာတော့ အသက် ၉၀ အရွယ်ရှိပြီလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ချုပ်ကြီး ချန်ဒူးဝမ်ဟာ တောင်ကိုရီးယားမှာ ၁၉၇၉ ခုနှစ်ကအာဏာသိမ်းပြီး တောင်ကိုရီးယားရဲ့ ၁၁ ဦးမြောက် သမ္မတဖြစ်လာသူပါ။

သူအုပ်ချုပ်တဲ့ ၈ နှစ်တာကာလ အတွင်းမှာတောင်ကိုရီးယားဟာ စီးပွားရေးအရတိုးတက်မှုတွေရှိပေမယ့် နိုင်ငံရေးအရ ရက်ရက်စက်စက်ဖိနှိပ်မှုတွေရှိခဲ့ပါတယ်။

သမ္မတ ချန်ဒူးဝမ်ဟာ မြန်မာနိုင်ငံကို ၁၉၈၃ခုနှစ်က အလည်အပတ် လာရောက်ခဲ့တဲ့ခရီးစဉ်မှာ မြောက်ကိုရီးယားအေဂျင့်တွေရဲ့လုပ်ကြုံဖို့ ကြိုးပမ်းတာကို ကြုံခဲ့ရတာရှိပါတယ်။

ခရီးစဉ်အတွင်း အာဇာနည်ဗိမာန်မှာ လွမ်းသူပန်းခွေချမယ့်အစီအစဉ်ကိုမြောက်ကိုရီးယားက အခွင့်ကောင်းယူကာ အာဇာနည်ဗိမာန်ထဲချိန်ကိုက်ဗုံးဝင်ထောင်ထားခဲ့တာပါ။

ဒီဗုံးကို လွမ်းသူပန်းခွေချချိန်မှာ ခွဲမှာဖြစ်ပေမယ့် သမ္မတ ချန်ဒူးဝမ်မရောက်မီ မိနစ်ပိုင်းအလိုမှာ ခွဲလိုက်တာကြောင့် သမ္မတ ချန်ဒူးဝမ်းဟာ လုပ်ကြံမှုကနေ လွတ်မြောက်ခဲ့ပါတယ်။

ဒါပေမယ့် ဗုံးပေါက်ကွဲမှုကြောင့် ကြိုရောက်နေတဲ့ တောင်ကိုရီးယားအစိုးရ ဝန်ကြီးတွေအပါအဝင် စုစုပေါင်း ၄၀ ကျော်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ဓာတ်ပုံ − ရိုက်တာ

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။