Connect with us

Hi, what are you looking for?

News

ချောင်းဦးနယ်လာသည့် စစ်​ကောင်စီယာဥ်တန်းကို ပ​ဒေသာမိုင်းဖြင့် တိုက်ခိုက်ရာ ၁၀ဦး​သေဟု ​မြောင် PDF ထုတ်ပြန်

“ကားတွေ တောင်ထားခဲ့ရတာ ။အသေအပျောက်ကတော့ သေချာသလောက်များတယ်။မိုင်းဆဲဲပီးတဲ့အချိန် သူတို့ဘက်က ပတ်ဝန်းကျင်ကို ရမ်းသမ်း ပစ်ခတ်တာတွေရှိတယ်။ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု MSPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရေစကြိုမြို့နယ်မှ ချောင်းဦးမြို့နယ်သို့ လာသည့် အကြမ်းဖက်စစ်ကောင်စီတပ် ကား​လေးစီးပါယာဥ်တန်းအား ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေပြီး ငါးဦးအပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအထူးတပ်ဖွဲ့ (MSPDF)က ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ထုတ်ပြန် သည်။

တိုက်ပွဲဖြစ်စဥ်မှာ နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀နာရီခန့်တွင် ဆင်ဖြူရှင်-ချောင်းဦးလမ်းကြော၌ ပဒေသာမိုင်း ၇ လုံးတွဲဖြင့် ပြည်သူ့တပ်ဖွဲ့ မဟာမိတ်များက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ ယာဥ် ​လေးစီးအနက် နှစ်စီးမိုင်းထိ၍ တစ်စီးနောက်ခြမ်းထိကာ တစ်စီးလုံးဝပျက်စီးသွား၍ နေရာတွင်ထားခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ကားတွေ တောင်ထားခဲ့ရတာ ။အသေအပျောက်ကတော့ သေချာသလောက်များတယ်။မိုင်းဆဲဲပီးတဲ့အချိန် သူတို့ဘက်က ပတ်ဝန်းကျင်ကို ရမ်းသမ်း ပစ်ခတ်တာတွေရှိတယ်။ ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ထိခိုက်မှုမရှိဘဲ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်”ဟု MSPDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ပွဲကို Myaung Special People Defense Force(MSPDF)၊ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ChuPDF)၊ 27 Revolution Force(မြင်းခြံ) နှင့် မြောင်မြို့နယ် TGRပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းမဟာမိတ်​လေးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။