Connect with us

Hi, what are you looking for?

News

NUG ​ငွေတိုက်စာချုပ် ၂၄ နာရီအတွင်းဒေါ်လာ၉သန်းခွဲဖိုး​ရောင်းရ၊ ဝယ်ယူသူများပြား၍စင်ကာပူဘဏ်နှစ်ခု

“စင်ကာပူက မြန်မာတွေက ဒီနေ့ အလုပ်မလုပ်အားကြဘူး၊ Bondဖို့စိတ်အားထက်သန်နေကြတယ်။ အွန်လိုင်းကနေ အလုအယက်ဝယ်နေကြတယ်။ ဒါကြောင့် ဘဏ်တွေ serverကျတာလို့လဲပြောတယ်”ဟု စင်ကာပူတွင် ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာလုပ်ကိုင်နေသူ တစ်ဦးကပြောသည်။

-ဒစ်ဂျစ်တယ်ဘဏ်စနစ်ချို့ယွင်းမှုပင်ဖြစ်​ပေါ်

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၏ ​ငွေတိုက်စာချုပ်များမှာ ၂၄ နာရီအတွင်း​ဒေါ်လာ ၉ ဒသမ ၅သန်းဖိုး​ရောင်းချရ​ကြောင်း သတင်းရရှိသည်။

​ငွေတိုက်စာချုပ်မှာ ဝယ်ယူသူများပြားလွန်း၍ ဘဏ်များ၏
ဒစ်ဂျစ်တယ်စနစ် ချို့ယွင်းမှုနာရီအတန်ကြာဖြစ်ခဲ့​သော်လည်းတစ်ရက်အတွင်း​ဒေါ်လာ ၉ သန်းခွဲဖိုး​ရောင်းချရခြင်းဖြစ်သည်။စင်ကာပူနိုင်ငံမှPOSBနှင့် DBS ဘဏ်တို့သည်ယနေ့ မနက်ပိုင်းကစပြီး ဒစ်ဂျစ်တယ်ဘဏ်စနစ်ချို့ယွင်းဖြစ်ပေါ်နေပြီး ငွေလဲပြောင်းမူလုပ်ဆောင်၍ နာရီအတန်ကြာမရကြောင်းအဆိုပါဘဏ်နှစ်ခုကကြေငြာထားသည်။NUGကရောင်းချသည့် ငွေတိုက်စာချုပ်များကို ဝယ်ယူမှုများပြားခြင်းကြောင့်ဘဏ်ငွေလွဲပြောင်းမူများ၍ အွန်လိုင်းဘဏ်စနစ်များပြတ်တောက်ရခြင်းဖြစ်သည်ဟု စင်ကာပူရောက်မြန်မာများက​ပြောသည်။

သို့သော်လည်းဘဏ်နှင့် ဘဏ်ကို နည်းပညာဝန်ဆောင်မူပေးသောကုမ္ပဏီများက မည်သည့်အတွက်ကြောင့် ပြတ်တောက်သည်ကိုတရားဝင်အတည်ပြုထုတ်ပြန်​ကြေညာခြင်းမရှိ​ပေ။

Public Service Announcement

Public Service Announcement

“စင်ကာပူက မြန်မာတွေက ဒီနေ့ အလုပ်မလုပ်အားကြဘူး၊ Bondဖို့စိတ်အားထက်သန်နေကြတယ်။ အွန်လိုင်းကနေ အလုအယက်ဝယ်နေကြတယ်။ ဒါကြောင့် ဘဏ်တွေ serverကျတာလို့လဲပြောတယ်”ဟု စင်ကာပူတွင် ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာလုပ်ကိုင်နေသူ တစ်ဦးကပြောသည်။

POSBဘဏ်က ​ဖောက်သည်အချို့သည် ဘဏ်လုပ်ငန်းဝန်ဆောင်မူကို ဝင်ရောက်သည့်အခါ နှေးကွေးမူကို ကြုံတွေနေရသည်ဟု သိရှိရပြီး ၎င်းကို ဖြေရှင်းရန် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။ အလားတူ DBSဘဏ်ကလည်း ကြေငြာသည်။ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို မူအတိ့အကျထုတ်ပြန်ခြင်းမရှိပေ။

စင်ကာပူ​တွင်ကာလရှည်​နေထိုင်ခဲ့​သောမြန်မာများကအဆိုပါဘဏ်များတွင် ​​ဒစ်ဂျစ်တယ်ဘဏ်စနစ် ချို့ယွင်းမှု ဖြစ်သည်ကို နှစ်​ပေါင်းများစွာအတွင်းမကြုံဖူးဘဲ NUG ၏ ​ငွေတိုက်စာချုပ်ကို ဝယ်ယူသူများပြား​သော​ကြောင့်ဖြစ်​ကြောင်း​ပြောသည်။

ထို့အပြင်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပိုမို ရှင်းလင်းလွယ်ကူ သက်သာသော အွန်လိုင်းငွေပေးချေမှုပုံစံဖြင့် ပြောင်းလဲကျင့်သုံးသွားမည်ဟု ယနေနေ့လယ်ပိုင်းတွင်ထုတ်ပြန်ခဲ့သည်။ ဒေါ်လာ ၁၀၀ တန်၊ ၅၀၀ တန် ငွေတိုက်စာချုပ်များအတွက် အဆိုပါ အွန်လိုင်းငွေပေးချေမှုပုံစံကျင့်သုံးသွားမည်ဟုဆိုသည်။ကျန်ရှိသည် ဒေါ်လာ ၁၀၀၀တန်နှင့် ၅၀၀၀ တန်များအတွက် ဘဏ်အချင်းချင်းလွဲပြောင်းသည့် စနစ်ကို ဆက်လက်ကျင့်သုံးမည်ဟု NUGကဆိုသည်။

“ဒီလိုလုပ်မှဖြစ်မယ် ၁၀၀တန်ငွေတိုက်စာချုပ်အတွက် ငွေလွဲခက ဒေါ်လာ ၄၀လောက်ကျတာ အဆင်မပြေဘူး၊”ဟု ပြည်ပရောက်မြန်မာတစ်ဦးကပြောသည်။

နိုင်ငံအလိုက်ကိုယ်စားလှယ်များ ထားရှိပြီးရောင်းချခြင်းကို ပိုမိုလွယ်ကူမည်ဖြစ်ပြီး လက်ရှိစနစ်က ငွေလွဲမူအခက်အခဲဖြစ်နေသည်ဟု ပြည်ပရောက်မြန်မာတစ်ဦးကအကြံပြုထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေးအောင်မြင်ရန် ငွေတိုက်စာချုပ်များကို ဒေါ်လာ တစ်ဘီလီယံဖိုးထုတ်ရောင်းရန် စီစဉ်ခဲ့ပြီး ပထမအဆင့်အဖြင့် ငွေတိုက်စာချုပ် ဒေါ်လာ သန်း ၂၀၀ဖိုးကို နိုဝင်ဘာ ၂၃ ရက်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ငွေတိုက်စာချုပ်များကို ဒေါ်လာ ၁၀၀, ၅၀၀, ၁၀၀၀နှင့် ၅၀၀၀ တန်ဟူ၍ လေးမျိုးခွဲခြားထားပြီး ၎င်းတို့သည် သက်တမ်းနှစ်နှစ်နှင့် အတိုးမဲ့ ငွေတိုက်စာချုပ်များဖြစ်သည်။

စတင်ရောင်းချသည့် နိုဝင်ဘာ ၂၂ ရက်တရက်တည်းတွင် ဒေါ်လာ ၆ ဒသမ ၃ သန်းဖိုးရောင်းချခဲ့ရသည်ဟု NUGက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook