Connect with us

Hi, what are you looking for?

News

ဆောနှင့်ကန်ပက်လက်မြို့နယ်တွင်အ​ရေး​ပေါ်အ​ခြေအ​နေဖြစ်ပွား​နေဟုUDLAထုန်ပြန်

လက်နက်ချင်းအင်အား မမျှသဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီကြရန် UDLA ကမေတ္တာရပ်ခံသည်။

ဆောမြို့နယ် နှင့် ကန်ပက်လက်မြို့နယ် တွင် အရေးပေါ်အခြေအနေ ဖြစ်ပွားလျက်ရှိကြောင်း ပြည်ထောင်စု ကာကွယ်ရေးနှင့် လွတ်မြောက် ရေးမဟာမိတ် တပ်ပေါင်းစု (UDLA)ကသတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၂ ရက်ကစ၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ လက်မွန်ရွာသို့ အကြမ်းဖက်စစ်အုပ်စုမှ ရုတ်တရက် ဝင်ရောက် လာခဲ့သည်။

မကွေးနှင့် ချင်း ပြည်နယ် ဘက် အကြားရှိ ထောက်ပို့နေသော လမ်းကြောင်းနှင့် စစ်ကူများကို ပိတ်ဆို့ရန် စစ်ကောင်စီက အင်အား (၂၀၀) ခန့်ဖြင့် စခန်းချ နေထိုင်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။အကြမ်းဖက်စစ်အုပ်စုသည် နယ်မြေကျွမ်းကျင်သော ပျူစောထီးများနှင့်အတူ မိုင်းရှာဖွေသည့်ကိရိယာများဖြင့် ဝင်ရောက်လာပြီး YDF (ဆောနှင့်ကျောက်ထု) မှ ထောင်ထားသည့် မိုင်းများစွာအား ကျော်လွှားနိုင်ခဲ့သည်ဟု ကြေညာချက်တွင်ပါရှိသည်။

အလားတူ နိုဝင်ဘာ ၂၃ ရက်က ချင်းပြည်နယ်၊ ကန်ပက်လက်ရှိ CDF တပ်ရင်းတခုအား ဝင်စီးခံရပြီး စပါးတင်း (၁၅၀) ပါရှိသော ရိက္ခာသိုလှောင်သည‌့်နေရာနှင့် နေအိမ် (၃) လုံးအား မီးရှို့သွားသည်ဟုလည်း UDLA က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ဆောနှင့် ကန်ပက်လက် တိုက်ပွဲ၌ အကြမ်းဖက်စစ်သား (၆) ဦးထက်နည်းသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှလည်း ထိခိုက်ဒဏ်ရာရရှိသူရှိ​သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

လက်နက်ချင်းအင်အား မမျှသဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီကြရန် UDLA ကမေတ္တာရပ်ခံသည်။

ချင်းနှင့် မကွေး နယ်စပ်ဒေသများ၌ စစ်ကောင်စီတပ် လက်နက်အင်အားဖြည့်ခြင်း အပါအဝင် စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာကြောင်းချင်းလက်နက်ကိုင်တပ်ဖွဲ့များက သုံးသပ်သည်။

စစ်ကောင်စီတပ်သည် အမာကို ရှောင်ပြီး အပျော့ကို တိုက‌်နေသည်ဟု ယူဆရကြောင်း၊ ဆော နှင့် ကန်ပက်လက်ကို အင်နှင့် အားနှင့် ဖိနေကြောင်း၊ ယင်းထိုးစစ်များပြီးလျှင် မင်းတပ်ကိုလည်း ဦးတည်လာနိုင်ကြောင်း ယူဆသည်ဟု CDF-MINDATက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

Facebook