Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆောနှင့်ကန်ပက်လက်မြို့နယ်တွင်အ​ရေး​ပေါ်အ​ခြေအ​နေဖြစ်ပွား​နေဟုUDLAထုန်ပြန်

လက်နက်ချင်းအင်အား မမျှသဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီကြရန် UDLA ကမေတ္တာရပ်ခံသည်။

ဆောမြို့နယ် နှင့် ကန်ပက်လက်မြို့နယ် တွင် အရေးပေါ်အခြေအနေ ဖြစ်ပွားလျက်ရှိကြောင်း ပြည်ထောင်စု ကာကွယ်ရေးနှင့် လွတ်မြောက် ရေးမဟာမိတ် တပ်ပေါင်းစု (UDLA)ကသတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၂ ရက်ကစ၍ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်ရှိ လက်မွန်ရွာသို့ အကြမ်းဖက်စစ်အုပ်စုမှ ရုတ်တရက် ဝင်ရောက် လာခဲ့သည်။

မကွေးနှင့် ချင်း ပြည်နယ် ဘက် အကြားရှိ ထောက်ပို့နေသော လမ်းကြောင်းနှင့် စစ်ကူများကို ပိတ်ဆို့ရန် စစ်ကောင်စီက အင်အား (၂၀၀) ခန့်ဖြင့် စခန်းချ နေထိုင်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။အကြမ်းဖက်စစ်အုပ်စုသည် နယ်မြေကျွမ်းကျင်သော ပျူစောထီးများနှင့်အတူ မိုင်းရှာဖွေသည့်ကိရိယာများဖြင့် ဝင်ရောက်လာပြီး YDF (ဆောနှင့်ကျောက်ထု) မှ ထောင်ထားသည့် မိုင်းများစွာအား ကျော်လွှားနိုင်ခဲ့သည်ဟု ကြေညာချက်တွင်ပါရှိသည်။

အလားတူ နိုဝင်ဘာ ၂၃ ရက်က ချင်းပြည်နယ်၊ ကန်ပက်လက်ရှိ CDF တပ်ရင်းတခုအား ဝင်စီးခံရပြီး စပါးတင်း (၁၅၀) ပါရှိသော ရိက္ခာသိုလှောင်သည‌့်နေရာနှင့် နေအိမ် (၃) လုံးအား မီးရှို့သွားသည်ဟုလည်း UDLA က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ဆောနှင့် ကန်ပက်လက် တိုက်ပွဲ၌ အကြမ်းဖက်စစ်သား (၆) ဦးထက်နည်းသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှလည်း ထိခိုက်ဒဏ်ရာရရှိသူရှိ​သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

လက်နက်ချင်းအင်အား မမျှသဖြင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီကြရန် UDLA ကမေတ္တာရပ်ခံသည်။

ချင်းနှင့် မကွေး နယ်စပ်ဒေသများ၌ စစ်ကောင်စီတပ် လက်နက်အင်အားဖြည့်ခြင်း အပါအဝင် စစ်ရေးလှုပ်ရှားမှု ပိုလုပ်လာကြောင်းချင်းလက်နက်ကိုင်တပ်ဖွဲ့များက သုံးသပ်သည်။

စစ်ကောင်စီတပ်သည် အမာကို ရှောင်ပြီး အပျော့ကို တိုက‌်နေသည်ဟု ယူဆရကြောင်း၊ ဆော နှင့် ကန်ပက်လက်ကို အင်နှင့် အားနှင့် ဖိနေကြောင်း၊ ယင်းထိုးစစ်များပြီးလျှင် မင်းတပ်ကိုလည်း ဦးတည်လာနိုင်ကြောင်း ယူဆသည်ဟု CDF-MINDATက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်၏ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဆောမြို့နယ်အတွင်းရောက်ရှိနေသော အခြားဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများနှင့်မြို့နယ်အတွင်းရှိ ဒေသခံများအား ဆေးကုသခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

သတင်း

မကွေးတိုင်း ဆိပ်ဖြူ မှလာသည့် အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်း၊ ယာဉ်တန်းသည် ဇူလိုင်လလယ်တွင် ဆောမြို့နယ်မှ ကျင်ဒွေးသို့ သွားရောက်ရာ လမ်းခရီး၌ ဒေသခံ CDFနှင့် PDF တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။

သတင်း

ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းသို့ ဦးတည်သည့် စစ်ကြောင်းနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ခဲ့ရာ ကားမိုင်းနှင့် နင်းမိုင်းများစွာ ပေါက်ကွဲခဲ့သည်ဟု ကန်ပက်လက် CDFက ဖော်ပြသည်။

သတင်း

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းတွင် ဆောမြို့နယ်တွင်းရောက်ရှိလာသည့် ရန်သူ့စစ်ကြောင်းကို PDFနှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။