Connect with us

Hi, what are you looking for?

News

လောပိတမှ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သို့ ဓာတ်အားပေးပို့သည့် လျှပ်စစ်တာဝါတိုင်နှစ်ခုထပ်မံဖျက်ဆီးခံရ

ဖျက်ဆီးခံရသည့် တာဝါတိုင်သည် ဒေါလရှေးနှင့် ဆော်ခီးဒေါရွာကြားက တာဝန်တိုင်ဖြစ်သည်ဟု UKSYက ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပေးတာဝါတိုင် နှစ်ခု ဖျက်ဆီးခံရကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY) က ဓာတ်ပုံများနှင့်အတူ သတင်းထုတ်ပြန်သည်။

လောပိတ အမှတ်(၁)စက်ရုံမှ နေပြည်တော် – ရန်ကုန်- မန္တလေးမြို့များသို့ ဓာတ်အားပေးပို့နေသည့် တာဝါတိုင် နှစ်ခုကို ဖျက်ဆီးခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။

ဖျက်ဆီးခံရသည့် တာဝါတိုင်သည် ဒေါလရှေးနှင့် ဆော်ခီးဒေါရွာကြားက တာဝန်တိုင်ဖြစ်သည်ဟု UKSYက ဆိုသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက လျှပ်စစ်တာဝါတိုင် ဖျက်ဆီးခံရသည့် ကိစ္စကို အတိအကျမသိရသေးဟု ပြောသည်။

Public Service Announcement

Public Service Announcement

“ ဒေါလရှေးက လွိုင်ကော်မြို့နယ်ထဲမှာ။ ရှမ်း- ကယားနယ်စပ်ဘက်ရောက်တော့မယ် အဲဒီနေရာက”ဟု ၎င်းက နေရာဒေသကို ရှင်းပြသည်။

အာဏာသိမ်းစစ်​ကောင်စီရုံးထိုင်ရာနေပြည်တော်သို့ပေးပို့သောဖယ်ခုံမြို့နယ် လွယ်ဟွဲရွာအနီးရှိ လျှပ်စစ်တာဝါတိုင် ၂ခုကိုလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဩဂုတ်လအတွင်း၌ မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

Facebook