Connect with us

Hi, what are you looking for?

LuduNwayOo

News

လောပိတမှ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သို့ ဓာတ်အားပေးပို့သည့် လျှပ်စစ်တာဝါတိုင်နှစ်ခုထပ်မံဖျက်ဆီးခံရ

ဖျက်ဆီးခံရသည့် တာဝါတိုင်သည် ဒေါလရှေးနှင့် ဆော်ခီးဒေါရွာကြားက တာဝန်တိုင်ဖြစ်သည်ဟု UKSYက ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပေးတာဝါတိုင် နှစ်ခု ဖျက်ဆီးခံရကြောင်း ကရင်နီပြည်လူငယ်များသမဂ္ဂ(UKSY) က ဓာတ်ပုံများနှင့်အတူ သတင်းထုတ်ပြန်သည်။

လောပိတ အမှတ်(၁)စက်ရုံမှ နေပြည်တော် – ရန်ကုန်- မန္တလေးမြို့များသို့ ဓာတ်အားပေးပို့နေသည့် တာဝါတိုင် နှစ်ခုကို ဖျက်ဆီးခံရခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။

ဖျက်ဆီးခံရသည့် တာဝါတိုင်သည် ဒေါလရှေးနှင့် ဆော်ခီးဒေါရွာကြားက တာဝန်တိုင်ဖြစ်သည်ဟု UKSYက ဆိုသည်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက လျှပ်စစ်တာဝါတိုင် ဖျက်ဆီးခံရသည့် ကိစ္စကို အတိအကျမသိရသေးဟု ပြောသည်။

Public Service Announcement

Public Service Announcement

“ ဒေါလရှေးက လွိုင်ကော်မြို့နယ်ထဲမှာ။ ရှမ်း- ကယားနယ်စပ်ဘက်ရောက်တော့မယ် အဲဒီနေရာက”ဟု ၎င်းက နေရာဒေသကို ရှင်းပြသည်။

အာဏာသိမ်းစစ်​ကောင်စီရုံးထိုင်ရာနေပြည်တော်သို့ပေးပို့သောဖယ်ခုံမြို့နယ် လွယ်ဟွဲရွာအနီးရှိ လျှပ်စစ်တာဝါတိုင် ၂ခုကိုလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ဩဂုတ်လအတွင်း၌ မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ တပ်ခွဲနှစ်ခုက ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု MODက အသိပေးသည်။

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

မန္တလေးမြို့အပြင် ပုသိမ်၊ နေပြည်တော်၊ ပဲခူးရုံးခွဲတို့၏ ပတ်စ်ပို့လုပ်ငန်းများကိုလည်း ဝက်ဘ်ဆိုက်၌ ကြိုတင် စာရင်းသွင်းနိုင်သည်ဟု စစ်ကောင်စီက ဆိုသည်။