ချင်းပြည်နယ် ထန်တလန်မြို့၌ နိုဝင်ဘာ ၂၄ရက်က နေအိမ်များ မီးလောင်ခဲ့ရာ ဘုရားကျောင်း တစ်ကျောင်း နှင့် နေအိမ် များ စုစုပေါင်း ၄၉ လုံး မီးလောင်ပျက်စီးသွားဟု ချင်းဒေသခံတစ်ဦးက ပြောသည်။
“သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)ဘာသာသူတို့ ရှို့တာ ပစ်ခတ်မှုလည်းမရှိဘူး။ ပြီးတော့ ၄၉အိမ်လောင်သွားတာလေ” ဟု ချင်းဒေသခံတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၄ရက် မွန်းလွဲ ၂နာရီခန့်က ထန်တလန်မြို့ ဇွန်မွှန်ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွားရာ TCBC ဘုရားကျောင်း အပါအဝင် ယင်းရပ်ကွက်ရှိ နေအိမ်အဆောက်အဦ ၃၆လုံး၊ ရဲစခန်းအနောက်ဘက်ခြမ်းတွင် နေအိမ် ၁၀လုံး၊စိုက်ပျိုးရေး ရပ်ကွက်တွင် နေအိမ် ၃လုံး မီးလောင်ခဲ့ကြောင်း ချင်းသတင်းဌာန The Chin Journalက ဖော်ပြသည်။
အာဏာသိမ်းစစ်ကောင်စီ၏ လက်ချက်ကြောင့် စက်တင်ဘာလအတွင်းမှစ၍ ထန်တလန်မြို့၌ နေအိမ် အဆောက်အဦများ မီးလောင်ကျွမ်းမှု ၄ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ရာ ဘုရားကျောင်း ၃ခု အပါအဝင် နေအိမ် ၂၅၀ကျော် မီးလောင်ခဲ့သည်။

Public Service Announcement
မြို့ပေါ်တွင် ချင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့(CDF)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များ မီးရှို့ခြင်း၊ အရပ်သားများအပေါ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးခြင်းများ ဖြစ်ပေါ်ခဲ့၍ မြို့ခံအားလုံးနီးပါးသည် စက်တင်ဘာလမှစ၍ မြန်မာ-အိန္ဒိယ နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်သွားရာ လူဦးရေ ၁၅၀၀၀ ခွဲခန့်ရှိသည်ဟုဆိုသည်။


















































