Connect with us

Hi, what are you looking for?

News

မန္တ​လေးတွင် ဆိုင်ကယ်နှင့်ဖုန်း လုယက်သူနှစ်ဦးကို Ranger of Mandalayတပ်ဖွဲ့ လိုက်လံဖမ်းဆီး

နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်က (၁၁၃)လမ်းဝန်းကျင်၌ ဆိုင်ကယ်မောင်းလာသောမိန်းကလေးတစ်ဦးအား အမျိုးသားနှစ်ဦးက ဆိုင်ကယ်တွန်းကန်ပြီး လုယက်၍ မိန်းကလေးမှာ အနည်းငယ်ပွန်းပဲ့သွားခဲ့ပြီးပိုက်ဆံအိတ်နှင့် ဖုန်းပါသွားခဲ့သည်။

People's Spring
People's Spring

မန္တလေးမြို့တွင် အမျိုးသမီးတစ်ဦးထံမှ ပိုက်ဆံအိတ် နှင့် ဖုန်းလုယက်သူနှစ်ဦးကို လိုက်လံဖမ်းဆီးနိုင်ခဲ့ကြောင်း Ranger of Mandalay ပြည်သူ့တပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ ၂၆ ရက်) ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၆ ရက် နံနက် ၁၁ နာရီခန့်က (၁၁၃)လမ်းဝန်းကျင်၌ ဆိုင်ကယ်မောင်းလာသောမိန်းကလေးတစ်ဦးအား အမျိုးသားနှစ်ဦးက ဆိုင်ကယ်တွန်းကန်ပြီး လုယက်၍ မိန်းကလေးမှာ အနည်းငယ်ပွန်းပဲ့သွားခဲ့ပြီးပိုက်ဆံအိတ်နှင့် ဖုန်းပါသွားခဲ့သည်။

ထိုဖြစ်စဥ် အနီးရှိနေသောကြောင့် နောက်မှလိုက်ဖမ်းခဲ့ရာ လမ်းသွယ်တစ်ခုအတွင်း ဖမ်းမိပြီး ပိုက်ဆံအိတ်နှင့် ဖုန်းကို လုယက်ခံရသူအမျိုးသမီးထံ ပြန်ပေးနိုင်ခဲ့ကြောင်း Ranger of Mandalayက ဆိုသည်။

လုယက်သူများမှာ အသက် ၂၀ နှင့် ၂၅ ကြားရှိပြီး နယ်မှ ရွှေ့ပြောင်းလာသူများဖြစ်ကာ မြို့သစ် မင်္ဂလာကန်လမ်းနှင့် အမြန်လမ်း မြို့စွန်ရပ်ကွက်တွင် နေထိုင်သူများဖြစ်သည်ဟုလည်း ထိုအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် လုယက်သူနှစ်ဦး၏ ဓာတ်ပုံများကို ရိုက်ယူ ထားပြီး နောက်တစ်ကြိမ် ကျူးလွန်ပါက အသက်အာမ မခံနိုင်ဟု သတိပေးခဲ့သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်ဖြင့် လုယက်မှုများ ပြားနေသဖြင့် လူရှင်းသည့် လမ်းသွယ်များကို ရှောင်ကြဥ်ရန်လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။