Connect with us

Hi, what are you looking for?

News

မိုင်း​ထောင်စဥ်မ​တော်တဆ​ပေါက်ကွဲ၍ ပြည်သူ့ရဲ​​ဘော်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မြို့နယ်တစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် မိုင်းထောင်နေစဥ် မတော်တဆပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်လူငယ်နှစ်ဦး အသက်ဆုံးပါးခဲ့သည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ည၁၂နာရီအချိန်က စစ်ကိုင်းတိုင်းအတွင်း ကားလမ်းမတစ်နေရာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ လာရောက်နိုင်သောလမ်းကြောင်းအား ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ရန် တပ်သား(၂)ဦးမှ ကြိုးစားမိုင်းထောင်နေကြစဥ် မတော်တဆ ပေါက်ကွဲမှုနှင့်အတူ တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့ရကြောင်း အကြမ်းဖက်စစ်ကောင်စီအားခုခံတော်လှန်နေသော ဂဠုန်တပ်တော်က သတင်းထုတ်ပြန်ခဲ့သည်။

ဤသို့ဖြစ်စဥ်အား ကျွန်ုပ်တို့ဂဠုန်တပ်တော်၏ ပထမဦးဆုံးနှင့် နောက်ဆုံးဖြစ်ပျက်မှုဖြစ်စေရမည်ဟု သူရဲကောင်းရဲဘော် နှစ်ဦးအားတိုင်တည်၍ ကတိသစ္စာ ပြုကြောင်း၊ ကျွန်ုပ်တို့ ဂဠုန်တပ်တော်အနေဖြင့်လည်း အမျိုးသားတော်လှန်ရေးအတွက် အသက်ပေးခဲ့ကြသည့် သူရဲကောင်းတို့၏ ကျန်ရစ်သူမိသားစုများနှင့်ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲကြောင်း ဂဠုန်တပ်တော်က အသိပေးကြေညာခဲ့သည်။

(ဓါတ်ပုံ- စစ်အာဏာရှင်ကျဆုံး​ရေး ၊ ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူ​ထောင်နိုင်​ရေးအတွက်ကြိုးပမ်းရင်ယ အသက်ပေးလှုခဲ့သူ လူငယ်နှစ်ဦးသည် အသက် ၂၂နှစ်နှင့် ၂၄နှစ်အရွယ် လူငယ်များဖြစ်ကြသည်။)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook